spot_imgspot_imgspot_imgspot_img
Wednesday, July 2, 2025
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

9503 POSTS
0 COMMENTS

“လူပေ” တေးစီးရီး အတွက် ကယားပြည်နယ်မှာ ချစ်သူနဲ့ MTV ရိုက်တဲ့ ရိမ်မိုး

ကျွန်တော်ရဲ့ စိတ်ကူးကဒီလိုမြို့လေးမှာ ကျွန်တော်ကအရမ်းနေချင်တယ်။ နောက်ပြီးတောင်ကုန်းတောင်တန်းတွေ သဘာဝရှုခင်းအလှပတွေ ကြည့်လိုက်မယ်ဆိုရင် တကယ့်ကိုစွဲဆောင်မှုအပြည့်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ မြို့တစ်ခုလည်းဖြစ်တယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ ဒီအခွေမှာဒီကယားပြည်နယ်ကိုလာပြီးတော့ ရိုက်ခွင့်ရှိတဲ့အပေါ်မှာလည်းအရမ်းလည်းဂုဏ်ယူတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းကျေနပ်အားရမိတယ်ပေါ့နော။ https://www.youtube.com/watch?v=blJAoUVnCTg&feature=youtu.be&fbclid=IwAR1sXnV5Zo-l32XZVpCAw3W_eXJsh0CPpZ1CVZdvkhHtcHSC3FghVWF-Bdo

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသာ လက်ကိုင်ထားကြောင်း KNPP ဆို

ခွန်းကလိုင်းဖရီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော်ကိုတည်ဆောက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ လက်ကိုင်ထားကြောင်း အတွင်းရေးမှူး(၂) ခူးဒယ်နီယယ်က ပြောသည်။ “ကျွန်တော်တို့ KNPP အနေနဲ့ကတော့ အရင်က ချမှတ်ထားတဲ့ ဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတဲ့ လမ်းစဉ်ကိုတော့ အခုထိလက်ကိုင်ထားတုန်းပဲ ဖြစ်ပါသေးတယ်။ ဖက်ဒရယ်နိုင်ငံဖြစ်လာဖို့ပဲ၊ အပြောင်းအလဲမရှိပါဘူး” ဟု ပြောသည်။ သို့သော်လည်း ဖက်ဒရယ်စနစ်တည်ထောင်ရေးအတွက် ကြိုးပမ်းရာတွင် အချို့သောတိုင်းရင်းသားများအနေဖြင့် မတူညီသော...

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ပထမဆုံးအကြိမ် ကယားပြည်နယ် ခရီးစဉ်

အဲ့ဒီတွေ့ဆုံပွဲမှာတော့ မဏိ္ဏုင်သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးက အကြီးအကဲတွေကပဲ တင်ပြခဲ့ကြပါတယ်။ သူတို့နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကိုသာ တင်ပြသွားခဲ့ပြီး ပြည်နယ်အတွင်း တကယ်လိုအပ်နေတာတွေကို မတင်ပြခဲ့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုကြပါတယ်။ https://www.youtube.com/watch?v=170pOlxelMQ&feature=youtu.be&fbclid=IwAR1jnMu4jRljEamgViaNLJxEHRxys-XLIdy63zR5dY8nHLSDBh3BbbK9H8k

မိုးဗြဲတောင်သူတွေရဲ့ ယာခင်းကို အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက တပ်ဧရိယာအဖြစ် မှတ်တိုင်စိုက်ထူရန် စီစဉ်

ယခင်အစိုးရလက်ထက်တွေမှာလည်း ရွာရဲ့တောင်ဘက်ပိုင်း ဖယ်ခုံအင်းဘေးရှိ တောင်ယာမြေနေရာတွေကို အမှတ်အသား တိုုင်စိုက်ထူဖို့အတွက် စည်းရုံးရေးဆင်းတဲ့အခါ မြေနေရာကို တောင်သူတွေ လုပ်ကိုင်စားသောက်နိုင်ခွင့်ရှိပြီး အခွန်အခ ပေးစရာမလိုုဘူးလိုု့ ပြောဆိုတာကြောင့် လက်မှတ်ထိုးခဲ့ရာမှ တပ်သိမ်းမြေအဖြစ် သတ်မှတ်လိုက်တယ်လို့ ရွာသားတွေကနေ သိရပါတယ်။ ခမရ ၄၂၂ က တပ်ပိုင်အမှတ်အသားတွေ...

အများအားထားရသည့် မိုးဗြဲဆည်ရေမခန်းစေရန် ကာကွယ်တောထိန်းသိမ်းသင့်

မူဂျာမီလှိုင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ Su Ban ကာကွယ်တောမှထွက်သောရေထွက်ပေါက်သည် မိုးဗြဲနန်းဖဲချောင်းတွင်စီးဝင်ကာ ၎င်းချောင်းရေထွက်နှုန်းကောင်းမှသာ မိုးဗြဲရေကာတာတွင် ရေလှောင်နိုင်မည်ဖြစ်ပြီး ၎င်းကာကွယ်တောကို ကာကွယ်ရန်အလွန်အရေးကြီးကြောင်း ကယန်းတိုင်းရင်းရေးရာဝန်ကြီး ဦးခွန်အေးမောင်ကပြောသည်။ "Su Ban ကာကွယ်တောကို ကျွန်တော်တို့မဖြစ်ဖြစ်အောင်လုပ်မယ် ဘာဖြစ်လို့လဲဆိုတော့ ဖယ်ခုံမှာ မိုးခေါင်ရေရှားတာ ၃ နှစ်ဆက်တိုက်ဖြစ်ဖူးတယ်။ မိုးဗြဲဆည်တောင်မှ ရေမရှိတာဖြစ်ဖူးပါတယ်။ မိုးဗြဲဆည်ရေခန်းတဲ့အချိန်မှာ...

အလှူရှင်အကူအညီဖြင့် ဆီးဘူးအထက်တန်းကျောင်းတွင် နေ့စဉ်အာဟာရတိုက်ကျွေး

ခွန်းကလိုင်းဖရီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုရှိ ဆီးဘူးအထက်တန်းကျောင်းတွင် အလှူရှင်များ၏ အကူအညီဖြင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ သူ (၅၃၈) ဦးကို နေ့စဉ်အာဟာရတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ နေ့စဉ်အဟာရတိုက်ကျွေးနေသည့်အပေါ် ကျောင်းအုပ်ဆရာကြီး ဦးခွန်ဝင်းမြင့်က "အဆင်ပြေတဲ့ ဟာလေးတွေနဲ့ ကျောင်းဖွင့်တဲ့ နေ့တိုင်း၊ တစ်ပတ်မှာ ကျောင်း(၂) ရက်ပိတ်တယ်ဆိုတော့ ဒီ(၅)ရက်မှာ...

သဘာဝတိရိစာ္ဆန်ထိန်းသိမ်းရေးနယ်မြေ ဖြစ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်နိုင်သေး

နယ်စပ်ဂိတ်တရားဝင်ဖွင့်လှစ်သွားမယ်ဆိုရင် နှစ်နိုင်ငံ ချစ်ကြည်ရေး ဈေးအနေနဲ့ တစ်လကို နှစ်ကြိမ်ဖွင့်လှစ်မှာဖြစ်ပြီး တစ်လှည့်စီ ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။ https://www.youtube.com/watch?v=1xWBH5NKU9g&feature=youtu.be&fbclid=IwAR0PgobccvkFCTPSTFK4Ff3sz_6SYvJz-VgJfxK84tFsIsPPUwvQKaot3oA

သဘာဝ တိရိစာ္ဆန် ထိန်းသိမ်းရေးနယ်မြေဖြစ်နေသေးသည့်အတွက် ထိုင်းနယ်စပ်လမ်း မဖွင့်နိုင်သေး

ကန္တာရဝတီတိုင်း(မ်) ထိုင်းနိုင်ငံဖက်မှ နယ်စပ်လမ်းကသဘာဝတိရိစာ္ဆန် ထိန်းသိမ်းရေးနယ်မြေဖြစ်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးဟု မယ်ဟောင်ဆောင် ဒု-ခရိုင်ဝန်ကပြောပါသည်။ မယ်ဟောင်ဆောင်ခရိုင်ဒု-ခရိုင်ဝန် Mr.PrachuabArjaraphong က "သဘာဝတိရိစာ္ဆန်ထိန်းသိမ်းရေးနယ်မြေဟာဆိုရင် ဘာမှ လုပ်လို့ မရဘူး။ အပင်စိုက်လို့လည်းမရဘူး၊ ဖျက်လို့လည်းမရဘူး။ ခုတ်လို့လည်းမရဘူးလမ်းဆောက်လို့လည်းမရဘူးဆိုတော့ အခုကသူတို့ ဘာလုပ်နေလဲဆိုရင် လမ်းကိုအချောဖြစ်အောင် ပြန်ပြင်နေတယ်။ "ဟု ပြောပါသည်။ ထိုင်းနိုင်ငံမယ်ဟောင်ခရိုင်နှင့် ကယားပြည်နယ် နယ်စပ်လမ်းဖြစ်သည့်...

မိုးဗြဲတောင်သူများ၏ မြေယာအပေါ် တပ်မြေ တိုးချဲ့သတ်မှတ်ရန် စီစဉ်နေ

ကန္တာရဝတီတိုင်း(မ်) ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲကျေးရွာအုပ်စု၊ သစ်ယာသစ်ရှူးကုန်းကျေးရွာ၏ တောင်ယာခင်းမြေနေရာများကို စစ်တပ်က တပ်မြေအဖြစ်တိုးချဲ့သတ်မှတ်ပြီး မှတ်တိုင်များ စိုက်ထူနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ ဇန်နဝါရီလ ၁၈ရက်နေ့က မိုးဗြဲကျေးရွာအုပ်စု သစ်ယာထင်းရှူကုန်းရွာ၏ ရွာဘုန်းတော်ကြီးကျောင်းတွင် မိုးဗြဲရှိ ခမရ ၄၂၂ မှ တပ်အရာရှိများကရွာသူရွာသားများ၏ တောင်ယာခင်းမြေနေရာများကို တပ်ဧရိယာအမှတ်အသားစိုက်ထူရန်အတွက် စည်းရုံးရေးဆင်းခဲ့တာဖြစ်ပါသည်။ ယခုလို လာရောက်စည်းရုံးဆင်းနေသည့်အတွက် ဒေသခံတောင်သူများက...

ဝန်ထမ်းများ ဒေသခံများ၏ နေအိမ်တွင် နေရသောကြောင့် အဆင်မပြေ

ကန္တာရဝတီတိုင်းမ် ဖရူဆိုမြို့နယ်၊ ရော်ဒေါ်ခေါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိဝန်ထမ်းများ အိမ်ရာမလုံလောက်၍ ဒေသခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏အိမ်တွင် နေထိုင်နေကြရသည်။ ̏ ဝန်ထမ်းအိမ်ရာက လိုအပ်တယ်၊ ဝန်ထမ်းအိမ်ရာမရှိတော့ ကျွန်တော်တို့ ဟိုဘက်မှာသုံးယောက်၊ အောက်ဘက်မှာနှစ်ယောက်၊ စစ္စတာကျောင်းမှာတစ်ယောက်အဲ့လိုနေရတယ်။ ဆရာ/မတွေအတွက်ကတော့ အဓိကဝန်ထမ်းအိမ်ရာကို လိုချင်ပါတယ်။ အခက်ခဲဆုံးက အဲ့ဒါဖြစ်နေတယ်။ ˝ဟု ရော်ဒေါ်ခေါကျေးရွာ မူ/လွန်ကျောင်းအုပ် ဦးအောင်ကိုလတ်က...

Latest news

- Advertisement -spot_img