spot_img
Wednesday, February 1, 2023
spot_img

CATEGORY

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ

ဖရူဆိုမြို့နယ်တွင် အနိုင်ရပြန်သွားတဲ့ ဦးသဲရယ်နဲ့ မေးမြန်းချက်

ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် အမှတ်(၁) ပြည်နယ်လွှတ်တော်နေရာမှာ ကယားပြည်နယ်ဒီမိုကရက်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးသဲရယ်က အနိုင်ရခဲ့ပါတယ်။ မြို့နယ်အတွက် ဘာတွေဆောင်ရွက်ပေးမလဲဆိုတာနဲ့ ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းထောက် စိုးထိုက်အောင်ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။ ဦးသဲရယ်က ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကနေ ၎င်းမဲဆန္ဒနယ်ကနေပဲ အနိုင်ရခဲ့ပြီး လက်ရှိမှာ...

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထုတ်ပြန်တဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အမြင်သဘောထား

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မဲဆန္ဒနယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ( UEC ) ကအောက်တိုဘာလ ၁၂ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီး က မြို့နယ်တချို့တို့ရဲ့ ကျေးရွာအုပ်စုတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထုတ်ပြန်တဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အမြင်သဘောထားတွေလိုက်လံမေးမြန်းထားတာကို တင်ပြထားပါတယ်။ ဦးစောခူးတလေ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (...

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တချို့ထုတ်ပြန်တဲ့အပေါ်တရားမျှတမှုမရှိဘူးလို့ KySDP ပြော

မော်မီမြာ၊ ဦးမြာ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထုတ်ပြန်တဲ့အပေါ်မှာ လက်ရှိအာဏာရပါတီက ကိုယ်မနိုင်လောက်ဘူးဆိုတဲ့မဲဆန္ဒနယ်ကို ဖြုတ်ချလိုက်တဲ့အနေအထားတစ်ရပ်လိုဖြစ်နေတာကြောင့် တရားမျှတမှုမရှိဘူးလို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) အတွင်းရေးမှူး ဦးသဲရယ်က ကန္တာရဝတီတိုင်းမ်ကိုပြောပါတယ်။ “ သူတို့ အဲ့လိုသတ်မှတ်တဲ့နေရာတွေမှာလည်း တကယ့်စစ်ဖြစ်ပြီးတော့မှ ဒါမဖြစ်မနေပယ်ဖျက်ရမယ့် မဲဆန္ဒနယ်ဆိုပြီးတော့မှ အဲ့ဒီလိုလည်းမဟုတ်ပြန်ဘူးပေါ့နော။ ခိုင်လုံတဲ့သတင်းအထောက်အထားတွေလည်း ဘာမှမပြနိုင်ဘူးပေါ့နော။ နောက်ပလက်ဝလိုနေရာမျိုးဆိုလို့ရှိရင်...

ကျေးလက်ပညာရေ းကြပ်မတ်ဖို့လိုတယ်လို့ ကိုယ်စားလှယ်လောင်းပြော

ကရင်နီသူ ကျေးလက်ဒေသတွေမှာ ပညာရေးနဲ့ပတ်သက်လို့မြို့ပြတွေနဲ့ အရမ်းကွာဟနေသေးတာကြောင့် အနိုင်ရလာခဲ့ရင် ပုဂ္ဂလိကကျောင်းတွေနဲ့ဒေသတွင်း ပညာရေးအသုံးစာရိတ်တွေကို မြှင့်တင်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်မယ်လို့လက်ရှိ KySDPပါ တီက အရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောတယ်ခဲက ပြောပါတယ်။ ″ကျေးလက်ပညာရေးနဲ့မြို့ပြပညာရေး။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာလမ်းတွေမပေါက်ဘူး၊ ပြီးရင်ကိုယ်ထူကိုယ်ထပဲ ထူထောင်နေရတယ်အဲ့လိုရှိတယ်ပေါ့။ အဲ့ဒီဒေသကကျောင်းသားလေးတွေလည်းအစိုးရကျောင်းတွေကို ဝင်လာတဲ့အခါမှာ၊ပြောင်းရွှေ့လာတဲ့အခါမှာ၊ ကူးပြောင်းလာတဲ့အခါမှာအဆင်ပြေပြေလွယ်လွယ်ကူကူနဲ့ ပြောင်းရွှေ့ပညာသင်ကြားနိုင်ဖို့ လိုအပ်တယ်ပေါ့နော။ ကျနော်ကြိုးစားချင်တယ်။ အကယ်၍ပြည်နယ်မှာကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လို့ရရင်ရ၊...

“လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသိပညာ အတတ်ပညာရဖို့အတွက် အသက်မွေးဝမ်းကြောင်းကိစ္စတွေအတွက် လွှတ်တော်ထဲမှာ အဆိုတွေတင်ဖို့လည်းရှိတယ်။ ရဲဝံ့ပြတ်သားစွာ တောင်းဆိုမှာပါ”

လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စိန်ခေါ်မှုတွေ ပြင်ဆင်ထားမှုတွေ၊နိုင်ငံရေးအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကနေ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ခူးမိုက်ကယ်ဘိုးရယ်အား အခုလို တွေ့ဆုံမေးမြန်ဖြစ်ခဲ့ပါတယ်။ ခူးမိုက်ကယ်ဘိုးရယ်က ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ မေး။ ။ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖြစ်တာလဲ။ ဖြေ။ ။ ဘာလို့အရွေးခံဖြစ်တာလဲဆိုတော့ ကျတော်တို့ရှားတောမြို့နယ်မှာ အရင်ကလုပ်ခဲ့တဲ့...

စည်းရုံးရေးဆင်းရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီပြော

မော်ဦးမြာ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပါတီခြား အမာခံလူထုတွေရဲ့ နှောင့်ယှက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကယားပြည်နယ် ဒီမိုကရက်တီပါတီ KySDP မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။ “ ၁ ရက်နေ့က ကျနော်တို့ ငှားသွားတဲ့ကားကို မူးယစ်ဆေးရောင်းတယ်ဆိုပြီးတော့ သတင်းမှားပေးပြန်ရော သတင်းမှားပေးတာကို...

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ KySDP ကိုယ်စားလှယ်လောင်းများ

သူတို့ (၃) ဦးဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းဒေသတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တစ်ခြားအားကောင်းသော ပါတီကြီးတွေနဲ့လည်းရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကယန်းအမျိုးသားပါတီကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာကို ခွန်းမြင့်နိုင် နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (...

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

နော်ဒွေးအယ်ခူ ရွေးကောက်ပွဲမှာ NLD အား အဓိကပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်သွားမယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ဥက္ကဌ ဦးဖိုးရယ်ကပြောပါတယ်။ KySDP ဟာဆိုရင် ကယားပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ကယားပြည်နယ် မြို့နယ်ခုနစ်မြို့နယ်ရှိ မဲဆန္ဒနယ် ၃၄ မှာ နေရာ ၃၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁ နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်...

ပြည်နယ်မှာ NLD စတင်ဖွဲ့စည်းခဲ့ချိန်မှာပါဝင်ခဲ့ဖူးတဲ့ ၂၀၂၀ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ၂၀၁၂ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုကယားပြည်နယ်မှာလာရောက်တည်ထောင်ခဲ့ချိန်ပါဝင်တည်ထောင်ပေးခဲ့သူ၊ တည်ထောင်ပြီးနောက်မှာကယားပြည်နယ်(NLD) ပါတီရဲ့ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တဲ့ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာနေတဲ့ဦးစိုင်းအုန်းမြင့်ကလာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှာရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ “ NLDကိုကျနော်တို့လူမျိုးစုကနေ ကျနော်တို့ဖွဲ့စည်းတာ။ ဒီကယားပြည်နယ်တစ် ပြည်နယ်လုံးမှာပေါ့နော်။အဲ့ဒီNLD ပါတီကို ပထမဆုံး ကျနော်တို့ထူထောင်တာ။” လို့ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ရတာက ပြည်နယ်အခြေစိုက်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ပြည်မကပါတီကြီးတွေရဲ့လုပ်ပိုင်ခွင့်ကမတူညီတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ “ ဘာကြောင့်ပြည်နယ်ပါတီကို ကိုယ်ကစိတ်ဝင်စားသွားသလဲဆိုတော့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ အခုပြည်မကပါတီကြီးတွေရဲ့...

လူထုအတွက်၊ အများအတွက်ပိုပြီးအကျိုးပြုနိုင်ဖို့ နေရာတစ်ခု ရဖို့လိုတယ်ဆိုတဲ့ ခူးပလုရယ်

လူထုအတွက်၊ အများအတွက်ပိုပြီးအကျိုးပြုနိုင်ဖို့ နေရာတစ်ခု ရဖို့လိုအပ်နေတယ်ဆိုတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ ( KySDP) ကိုယ်စားလှယ်လောင်း ခူးပလုရယ် ပြည်နယ်ငြိမ်းချမ်းရေးကိုလူထုနဲ့ပူးပေါင်းဆောင်ရွက်ပေးနိုင်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ကယားပြည်နယ်ရဲ့ဒေသန္တရ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်နိုင်ဖို့ကို အဓိကလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ခူးပလုရယ်က ပြောပါတယ်။ ၂၀၂၀၊ နို၀င်ဘာ ၈ရက်နေ့မှာကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ ခူးပလူးရယ်က...