KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၁၇ ) ရက်၊ (ကြာသပတေးနေ့)
– မယ်ဟောင်ဆောင်နယ်စပ်မှာ မြန်မာနိုင်ငံသားအပါအဝင် ၄ ဦးထံက ဘတ် ၃ သန်း သိမ်းဆည်းရမိတဲ့သတင်း၊
– ဘောလုံးပွဲကျင်းပနေတဲ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့သတင်း၊
– ဒီးမော့ဆိုအနောက်ခြမ်းက မိဘမဲ့ဂေဟာအနီးကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်လို့ ကလေးတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တဲ့သတင်းတွေအပါအဝင် ကန္တာရဝတီတိုင်း (မ်) ရဲ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီညအစီအစဉ်မှာ မိုးလေဝသသတင်းနဲ့ ဒေသတွင်း နောက်ဆုံးရသတင်းတွေကိုလည်း ဆက်လက်နားဆင်ရမှာပါ။ သတင်းအစီအစဉ်တွေ ပြီးဆုံးတဲ့အခါမှာတော့ အင်တာဗျူးအစီအစဉ်ကနေ “စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှုအခြေအနေက ဘယ်လိုရှိနေပါသလဲ” ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက်ထုတ်လွှင့်တင်ဆက်ပေးပါမယ်ရှင့်…
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။