မင်္ဂလာပါ…..
စက်တင်ဘာလ (၁၇) ရက်နေ့အတွက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ညနေခင်းရုပ်သံသတင်းကို တင်ဆက်ပေးပါမယ်။
00:00 – အဖွင့်
00:46 – မယ်ဟောင်ဆောင်နယ်စပ်မှာ မြန်မာနိုင်ငံသားအပါအဝင် ၄ ဦးဆီက ဘတ် ၃ သန်း သိမ်းဆည်းရမိတဲ့သတင်း၊
02:16 – ဒီးမော့ဆိုအနောက်ခြမ်းက မိဘမဲ့ဂေဟာအနီးကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်လို့ ကလေးတဦးသေဆုံးကာ သုံးဦးဒဏ်ရာရထားတဲ့အခြေအနေ၊
03:17 – ဘောလုံးပွဲကျင်းပနေတဲ့ ဒီးမော့ဆိုအနောက်ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့သတင်းနဲ့
03:58 – ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုအားလုံး ပူးပေါင်းဖို့ လိုတယ်လို့ CRPH ပြောလိုက်တဲ့အကြောင်းတွေကို နားဆင်ကြရပါမယ်ရှင့်။
05:12 – အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းသတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင့်…..
စက်တင်ဘာလ (၁၇) ရက်နေ့အတွက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ညနေခင်းရုပ်သံသတင်း
-





