spot_img
25.9 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းဖရူဆိုမှာ ဆေးကုသခွင့်မရတဲ့ ၇ နှစ်အရွယ် မသန်စွမ်းကလေးတစ်ဦး သေဆုံး

ဖရူဆိုမှာ ဆေးကုသခွင့်မရတဲ့ ၇ နှစ်အရွယ် မသန်စွမ်းကလေးတစ်ဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ နတ်တောင် စစ်ဘေးရှောင်စခန်းမှာ ယခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်ခွင့် မရတာကြောင့် အသက် ၇ နှစ်အရွယ် မသန်စွမ်းကလေးတစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။

“သူက အသက်ကြီးလေ၊ ပိုဆိုးလေဖြစ်တာ နည်းနည်းဖျားတယ်ဆို ပြီး သိပ်မကြာဘူး သေသွားတယ်”လို့ စစ်ဘေးရှောင်ကူညီပေးသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ မသန်စွမ်းကလေးငယ်ဟာ ခါကုန်းတဲ့ ဝေဒနာကို ခံစားနေရပြီး ဒေသတွင်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မိသားစုတွေနဲ့ အတူ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရတာဖြစ်ပါတယ်။

နတ်တောင်စစ်ဘေးရှောင်စခန်းမှာ ၂နှစ် နေထိုင်ခဲ့ရပြီး ယခုလပိုင်းအတွင်း ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်လာချိန်မှာတော့ အဆိုပါ ကလေးကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေး နိုင်ခဲ့ဘူးလို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းရှိ နတ်တောင်စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ (၁၈၀) အိမ်၊ လူဦးရေ စုစုပေါင်း (၇၀၀) ကျော်ရှိကာ မသန်စွန်း (၆) ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ