spot_img
16.7 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ဓါတ်ဆီ တစ်လီတာကို ၇၀၀၀ ထိစျေးတက်၊ အလုအယက်ဝယ်ယူနေကြ

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ဓါတ်ဆီ တစ်လီတာကို ၇၀၀၀ ထိစျေးတက်၊ အလုအယက်ဝယ်ယူနေကြ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဓါတ်ဆီတစ်လီတာ ကျပ် ၇၀၀၀ အထိ ရောင်းချနေကြပြီး၊ ဒေသခံတွေ အလုအယက်ဝယ်ယူနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ (၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ကရင်နီပြည်ကို ဝင်လာမယ့် ကုန်စည်လမ်းကြောင်းတွေပိတ်သွားတာကြောင့် စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတွေ ပြတ်လပ်နေတာပါ။

“မနေ့ကတော့ ဆီရောင်းတာတစ်ဆိုင်မှမရှိတော့ဘူး။ ဒီရက်က ပြန်ရောင်းလာကြတယ်။ တစ်လီတာကို ၆၅၀၀၊၇၀၀၀ လောက်ပေါက်စျေးရှိတယ်။ ဒါတောင် တန်းစီစောင့်နေပြီးဝယ်ရတယ်။” လို့ ဒီးမော့ဆို ဒေသခံတစ်ဦးကပြောပါတယ်။

ကုန်စည် အဝင်မရှိတော့တာကြောင့် လက်ကျန်ဆီတွေကို စျေးတင်ပြီး ထုတ်ရောင်းနေတာဖြစ်နိုင်တယ်လို့ လည်း ဒေသခံတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၆ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း မှာ စက်သုံးဆီ ပြတ်လပ်ခဲ့ပြီး ယနေ့မှာတော့ တချို့ဆိုင်တွေမှာ ပြန်လည်ဝယ်ယူလို့ရနေတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ