spot_img
19.1 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းဖရူဆို၊ သကြန်းလျား စစ်ဘေးရှောင်စခန်းမှာ ဖျားနာသူများ၊ ဆေးဝါးလုံလောက်မှုမရှိ

ဖရူဆို၊ သကြန်းလျား စစ်ဘေးရှောင်စခန်းမှာ ဖျားနာသူများ၊ ဆေးဝါးလုံလောက်မှုမရှိ

-

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက သကြန်းလျား စစ်ဘေးရှောင်စခန်းမှာ ကလေး၊ လူကြီး အပါအဝင် ဖျားနာသူတွေ များနေပြီး ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေက ပြောပါတယ်။

“ဆေးမရှိဘူး ပြောတယ်၊ ဖျားနာသူက များတယ်၊ ကျမလည်း ဖျားနေတာ ဒီရက်မှ ထနိုင်တယ်။ ကိုက်ခဲတယ် တစ်ကိုယ်လုံးပဲ အဖျားလည်း မရှိဘူး။ ကျမဖြစ်တာက ကိုက်ခဲတယ် ပြီးတော့ ထမင်းလည်း မစားချင်ဘူး၊ ဒီမနက်မှ ထနိုင်လို့ ရေမိုးချိုးတာ၊ မကောင်းသေးဘူးပေါ့၊ သွားသွားလာလာတော့ ပင်ပန်းနေတယ်။” လို့ သကြန်းလျား စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေရဲ့ အဆိုအရတော့ ငှက်ဖျားရောဂါလက္ခဏာနဲ့ ဆင်တူတဲ့ ရောဂါတွေ အဖြစ်များနေသလို သက်ကြီးပိုင်း စစ်ရှောင်တွေမှာလည်း သွေတိုးရောဂါတွေ အဖြစ်များကြတယ်လို့ ဆိုပါတယ်။

လက်ရှိရာသီအကူးအပြောင်းကာလမှာ ဖျားနာတာတွေပိုဖြစ်နေကြပြီး ဆေးဝါးတွေပြတ်လပ်နေတယ်လို့လည်း စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“အလှူရှင်က နည်းတယ် သိပ်မရှိတော့ဘူး။ ကျန်းမာရေးပိုင်း အလေးထားတာ နည်းလာတယ်၊ ကျန်းမာရေးကောင်းမှ ကျန်တာအလုပ်လုပ်နိုင်မှာလေး၊ စားဝတ်နေရေး၊ ပညာရေးရောပေါ့။ နောက်ဆုံး ပြောမယ်ဆိုရင် ကျန်းမာရေးက အားနည်းလာကြတယ်လို့ မြင်တယ်” လို့ သူက ဆိုပါတယ်။

သကြန်းလျား စစ်ဘေးရှောင် စခန်းမှာတော့ အိမ်ခြေ ၉၀ ကျော်ရှိနေပြီး၊ စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်အထိ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ