spot_img
26.1 C
Loikaw
Sunday 18, January 2026
spot_img
Homeသတင်းဖားဆောင်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်း အမှတ် (၉၄၂၅) ကရဲဘော်တစ်ဦး ကျဆုံးခဲ့

ဖားဆောင်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်း အမှတ် (၉၄၂၅) ကရဲဘော်တစ်ဦး ကျဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့ တိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ်( ၉၄၂၅) က တပ်ခွဲမှူး တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – KPLA – B 9425

အဆိုပါ တပ်ခွဲမှူးဟာ ဗိုက်ကို လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တာဖြစ်တယ်လို့ ကလလတ တပ်ရင်းအမှတ်( ၉၄၂၅)ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျသွားတဲ့ ခွဲမှူးက ချေမှုန်းရေး စပြီး နာရီဝက်အကြာမှာ လက်နက်ကြီး ကို vest(ကျည်ကာ) မကာပေးနိုင်တဲ့ ဗိုက်အောက်နားထိပြီး ကျဆုံးသွားတာပါ။”လို့ ကလလတ တပ်ရင်းအမှတ်( ၉၄၂၅)ရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ကျဆုံးသွားသူဟာ ကလလတ တပ်ရင်းအမှတ် ၉၄၂၅ တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ခွဲမှူး ရဲဘော်ကလိတို(ခ)ဆရာတို ဖြစ်ပါတယ်။

ဖားဆောင်းမြို့တွင်း တိုက်ပွဲအခြေအနေမှာတော့ ယမန်နေ့ ဇွန်လ (၂၅)ရက်နေ့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေရှိပြီး ရန်သူဖက် ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ကလလတ တပ်ရင်းအမှတ်( ၉၄၂၅)ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ