spot_img
Homeသတင်းဖယ်ခုံစစ်ရှောင်တွေ စားဝတ်နေရေးအတွက် နေ့စားအလုပ်ဖြင့် ဖြေရှင်းနေကြ

ဖယ်ခုံစစ်ရှောင်တွေ စားဝတ်နေရေးအတွက် နေ့စားအလုပ်ဖြင့် ဖြေရှင်းနေကြ

-

ကန္တာရဝတီတိုင်း (မ်)

ဖယ်ခုံမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ နေ့စားလိုက်တဲ့အလုပ်နဲ့ ဝမ်းရေး ဖြေရှင်းနေကြရပါတယ်။

“အခုရွာခံ တွေက အမျိုးအချင်းချင်း ခြံပေးစိုက်ရင်လုပ်ကြတယ်။ အမျိုးမရှိသူ‌တွေကတော့ သူများ ခေါ်ခိုင်းတာ လုပ်ရမယ်။ မ‌ခေါ်ခိုင်းတဲ့ချိန်ဆို ဘားအလုပ်မှမရှိဘူး။အလှူရှင်ရှိရင်‌တော့ နည်းနည်းသက်သာတယ်ပေါ့။ မရှိရင် အလုပ်ကလဲ သူများ ခေါ်မယ့်သူမရှိ။ သိကျိတ်ထိ သွားမယ်ဆိုလည်း အဆင်မပြေဘူး။ အလုပ်ရှိရင်မခက်ခဲဘူး မရှိတော့ ခက်ခဲတယ်” လို့ ဖယ်ခုံ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

နေ့စားအလုပ်က ခြံရှင်းတာ၊ လယ်ယာ၊ တောင်ယာလုပ်ငန်းတွေမှာ တနေ့ကို ၁၅၀၀၀ ကျပ်က‌နေ ၂၀၀၀၀ ကျပ်ထိ ရတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် နေ့စားအလုပ်က အမြဲတမ်း မရှိတာကြောင့် စားဝတ်နေရေးအတွက် အခက်တွေ့တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

အဖက်ဖက်က လိုအပ်ချက်ရှိနေဆဲဖြစ်တဲ့ စစ်ဘေးရှောင်တွေဟာ ရရာအလုပ်ကို လုပ်ကိုင်ကြပြီး နေ့စဉ် ဝမ်းရေးအတွက် ဖြေရှင်းနေကြတာပါ။ ဒါ့အပြင် ရတဲ့ နေ့စားခနဲ့ မိသားစုအတွက် ပြန်သုံးရတာ ဖူလုံမှုမရှိဘူးလို့ ဖယ်ခုံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

“ဘယ်ဖူလုံမလဲ။ကိုယ့်က‌လေးဆို ကျောင်းပို့တာတွေရှိတယ်လေးနော။‌ ကျောင်းပို့တော့ ကျောင်းလခတွေနဲ့ ဘာနဲ့ဆိုတော့ ဒီလိုပဲ ချွေတာပြီးစားရတာပေါ့” စစ်ရှောင်အမျိုးသမီးတဦးက ဆိုပါတယ်။

ဒီလို အခြေအနေ အခက်ခဲတွေကြောင့် စစ်ရှောင်တချို့ဟာ ဖယ်ခုံမြို့ထဲ ပြန်ဝင်ကြသူလည်း ရှိတယ်လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက် ပိုမြင့်မားလာသလို စစ်ရှောင်တွေဟာ အလုပ်အကိုင်ရှားပါးတာ၊ ကုန်‌ဈေးနှုန်း‌မြင့်တက်မှုတွေကို ကြုံတွေ့နေရပြီး ရေရှည် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်တယ်လို့ ပြောဆိုကြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ