spot_img
Homeသတင်းထိုင်းမြေမှာ ကရင်နီဒုက္ခသည်တွေ ကိုယ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းစဝင်

ထိုင်းမြေမှာ ကရင်နီဒုက္ခသည်တွေ ကိုယ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းစဝင်

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ အခုစိုက်ပျိုးရာသီဖြစ်တဲ့ (မေလ) အတွင်းမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ စဝင်နေကြပြီလို့ စခန်းတာဝန်ခံကပြောပါတယ်။

ဒါက ဒုက္ခသည်စခန်းမှာနေထိုင်ကြတဲ့ နှစ်ပေါင်း ၄၀ ကျော်အတွင်း ထိုင်းအစိုးရခွင့်ပြုချက်နဲ့ ပထမဆုံးအကြိမ် စခန်းအပြင်ထွက်ပြီး တရားဝင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်တာဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ကိုင်ကြသူ လူဦးရေ ၅၀ ခန့်ရှိပေမဲ့ စိုက်ပျိုးမြေတွေကတော့ ကိုယ်ပိုင်မြေအနေနဲ့ လုပ်ခွင့်မရှိဘူးလို့လည်း စခန်းတာဝန်ခံ စောဘီယားမီက ပြောပါတယ်။

“ထိုင်းနိုင်ငံမှာဆိုတော့လည်း ကျနော်တို့မြေနေရာကတော့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတော့ မရှိပါဘူးနော။ ထိုင်းအစိုးရတွေနဲ့ပဲ နားလည်မှုအနေနဲ့ပဲ ဒီမှာရှိနေသရွေ့ အဲမှာလုပ်ကိုင်စားသောက်လို့ပဲရတယ်နော။ ကိုယ်ပိုင်ဆိုတာတော့ သူတို့ပြဌာန်းမှုမရှိထားဘူး‌ပေါ့နော” လို့ စောဘီယားမီ ကပြောပါတယ်။

ပြောင်း၊နှမ်းစတဲ့သီးနှံတွေကို စိုက်ပျိုးကြမယ်လို့ပြောပါတယ်။ မယ်ဟောင်ဆောင်ခရိုင်အတွင်း ခိုယိုးထာနယ်မြေမှာ လူဦးရေ ၄၀၊ လေးဂေါ်ထာနယ်မြေမှာ လူဦးရေ ၁၀ဦး နဲ့ မြေဧရိယာ နှစ်နေရာပေါင်းရင် ဧက ၂၀ ဝန်းကျင်လောက်မှာ စိုက်ပျိုးကြမယ်လို့ပြောပါတယ်။

စိုက်ပျိုးမြေနေရာက စခန်းနဲ့ ၁ နာရီလောက် သွားရတာမို့လို့ ခရီးဝေးသွားလာနိုင်သူ၊ စိုက်ပျိုးနိုင်သူ ထဲကပဲ လုပ်ကြတယ်လို့လည်း စခန်းထဲမှာရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးက ကပြောပါတယ်။

“နေရာကဝေးတယ်။ တစ်နာရီဝန်ကျင်းလျှောက်ရတယ်။ ချောင်းဘေးမှာပဲ အဆင်ပြေသလိုစိုက်စားရတာပေါ့။ မစိုက်ရင်လည်း စားဖို့မရှိဘူးလေး အဲတာကြောင့်။ စားဖို့ ဟင်းသီးဟင်းရွက်လောက်ပဲ စိုက်ကြတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

အခုလိုစိုက်ပျိုးရေးလုပ်ခွင့်ရတာက စားနပ်ရိက္ခာရရှိ‌ရေးမှာ ပိုအဆင်ပြေလာနိုင်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ