spot_img
Homeသတင်းဆေးပေးခန်းမရှိတဲ့ ဒီးမော့ဆိုအရှေ့ခြမ်းက ကျေးရွာမှာ ကျန်းမာရေးဆိုင်ရာ အသိပညာ ပိုမိုမျှဝေပေးဖို့ လူထုတွေတောင်းဆို

ဆေးပေးခန်းမရှိတဲ့ ဒီးမော့ဆိုအရှေ့ခြမ်းက ကျေးရွာမှာ ကျန်းမာရေးဆိုင်ရာ အသိပညာ ပိုမိုမျှဝေပေးဖို့ လူထုတွေတောင်းဆို

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ဒေါတမကြီးအုပ်စုအတွင်းက ကျေးရွာတနေရာမှာ ဆေးပေးခန်း မရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပိုမိုမျှဝေပေးဖို့ ဒေသခံတွေက တောင်းဆိုကြတယ်လို့ သိရပါတယ်။

ဆေးပေးခန်းမရှိတဲ့ အဆိုပါ ကျေးရွာမှာ ဆေးဝါးရရှိဖို့လည်း အခက်အခဲရှိနေပြီး ကျန်းမာရေး အသိပညာပေး မျှဝေခြင်းက ဒေသခံအတွက် အထောက်အကူဖြစ်စေတယ်လို့ ကျန်းမာရေးစေတနာ့ဝန်ထမ်း တဦးက ပြောပါတယ်။

” လူထုတွေရဲ့ ကျန်းမာရေး အပိုင်း ပြောရရင် ဆေးဝါးက နေရာတိုင်း လိုအပ်ကြတာသိတော့ တစ်ခု တောင်းဆိုချင်တာက အသိပညာ မျှဝေတာတွေပေါ့နော်။ ကျန်းမာရေးဆိုင်ရာတွေပေါ့ များများ လာပို့ချစေချင်တယ်။ ဒါမှလည်း ဆေးခန်းမှာ ဆေးဝါး မရှိရင်တောင် သူတို့အတွက်တော့ တနည်းတဖုံ တော့ အထောက်အကူဖြစ်စေမလားပေါ့နော်။ “လို့ ကျန်းမာရေးစေတနာ့ဝန်ထမ်း တဦးက ပြောပါတယ်။

အဆိုပါ ကျေးရွာမှာ ဖျားနာသူတွေနဲ့ အရေးပေါ်လူနာရှိပါက တခြားနီးစပ်ရာ ကျေးရွာတွေမှာ ကျန်းမာရေးဝန်ဆောင်မှု ရယူကြတာဖြစ်ပြီး ရွာခံအများစုက သွားလာရေးအတွက် ကား၊ ဆိုင်ကယ် မရှိတာကြောင့် အခက်ခဲရှိတယ်လို့ ပြောပါတယ်။

နေရာအများစုမှာ ကျန်းမာရေးပိုင်းဆိုင်ရာအပါဝင် လိုအပ်ချက်တွေ များပြားနေဆဲဖြစ်တယ်လို့ ကျေးရွာ တာဝန်ရှိသူတစ်ဦးကလည်း အခုလို ပြောပါတယ်။

” တကယ်တော့ ကျနော်တို့လိုအပ်ချက်က တအားများနေတော့ တခါတလေ တောင်းဆိုချင်ရင်တောင် ဘယ်တခုကို အရင်တောင်းဆိုရမှန်း အရင် ရှိဖို့လိုအပ်မှန်း ပြောရခက်တဲ့အခြေအနေ။ အခု ကျန်းမာရေးဆိုလည်း ဆေးလည်းမရှိဘူး ။ ဝန်ထမ်းလည်းမရှိဘူး။ ဆိုတော့ ပြောသလို ပဲ အသိပညာပေးအစီစဥ်လည်း ဒါလည်း လိုအပ်နေတာပါပဲ။”လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ ကျေးရွာဟာ စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်ခဲ့ဖူးပြီး လက်ရှိမှာတော့ ကျေးရွာအတွင်း ယာယီ ပြန်လာနေထိုင်ကြတဲ့ အိမ်ခြေ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ