spot_img
Homeသတင်းစစ်ပဋိပက္ခကြောင့် မြန်မာက ကလေးငယ် ၁ ထောင်ကျော် သေဆုံး

စစ်ပဋိပက္ခကြောင့် မြန်မာက ကလေးငယ် ၁ ထောင်ကျော် သေဆုံး

-

ကန္တာရဝတီတိုင်း (မ်)

စစ်တပ်အာဏာသိမ်းတဲ့ ကာလတလျှောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ဇွန် ၂၄ ရက်နေ့အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်း ဗုံးကြဲမှုတို့ကြောင့် ကလေးငယ် ၁၀၈၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

သေဆုံးမှုမှာ အငယ်ဆုံး ၂ လသား ကလေးငယ်ကနေ ၁၈ နှစ်အတွင်း အသက်မပြည့်သေးတဲ့ကလေးငယ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။ အသက်အပိုင်းအခြားအနေနဲ့ မွေးကင်းစက အရွယ်ကနေ ၁၃ နှစ်အတွင်း ကလေးငယ် ၆၃၂ ဦးနဲ့ ၁၃ နှစ်အထက် ကလေး ၄၅၁ ဦး တို့ပါဝင်ပြီး နောက်ထပ် အယောက် ၄၀၀ စာရင်းကတော့ အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါက နိုင်ငံတကာဥဒေတွေ နဲ့ဆန့်ကျင်နေတာဖြစ်ပြီး ကလေးသူငယ်တို့ရဲ့ အသက်ရှင်သန်ခွင့်၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်တို့ကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာပြောပါတယ်။ ကလေးသူငယ်တွေ ပညာသင်ကြားရာ စာသင်ကျောင်းတွေကလည်း အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာမှာ အသက်မပြည့်သေးတဲ့ ကလေး ၆၃၉ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ဆိုပါတယ်။ မိဘတွေကို ဖမ်းမမိတဲ့အခါ ကလေးတွေကို အစားထိုးဖမ်းတာ၊ ကလေးတွေကို ဓားစာခံအဖြစ်ဖမ်းကာ မိဘတွေကိုလာရောက်အဖမ်းခံခိုင်းတာ၊ နိုင်ငံရေးတက်ကြွလှုပ်ရားသူရဲ့ သားသမီးဖြစ်ခြင်းကြောင်း ဖမ်းဆီး စစ်ဆေးခံရတဲ့ ဖြစ်စဥ်တွေ ရှိတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာအရ အသက် ၇ နှစ်အောက် ကလေးငယ် ၄၁ ဦး ဖမ်းဆီးခံရပြီး၊ ၇ နှစ်ကနေ ၁၃ နှစ် အထိ ကလေးငယ် ၄၀ ဦး ၊ ၁၃ နှစ်ကနေ ၁၈ နှစ်အထိ ၅၅၈ ဦး ဖမ်းဆီးခံထားရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ