spot_imgspot_imgspot_imgspot_img
Monday, April 29, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ နေအိမ်ပျက်စီးမှုရှိနေ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို ဧပြီလ (၄ )ရက်နေ့ နံနက် ၄နာရီအချိန်မှာ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်လိုက်တဲ့ 120မမ လက်နက်ကြီးကြောင့် ဒေါလျားခူကျေးရွာက နေအိမ်တစ်လုံးပျက်စီး သွားပြီး ထီးသဲကလိုးကျေးရွာက နေအိမ်တစ်လုံးရှုပ်ထိသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ လက်နက်ကြီးမှန်တာက ဒေါလျားခူမှာ မှန်သွားတာ။ အဲ့နားမှာပဲ ငါနေနေတာ။ ငါနေသွားတဲ့ ဘေးနားက အိမ်မှာပဲ ကျသွားတာ။ အိမ်ထဲမှာ လူလေးယောက်ရှိတယ်။ လူလေးယောက် အိပ်နေတယ်။ သူတို့ အိပ်တဲ့ဘက်ကို မထိပဲ။ မီးဖိုဆောင်ဘက်ကို ထိသွားတာပေါ့နော။ အဲ့တာကြောင့်မလို့ လူတော့မထိလိုက်ဘူး။ အိမ်တော့ ပျက်စီးသွားတယ်။ အဲ့ဒါ ဒေါလျားခူမှာတစ်လုံး။ နောက် ထီးသဲကလိုးမှာက ဒီအတိုင်းပဲ နည်းနည်းလေးရှပ်မှန်သွားတာ အိမ်နှစ်လုံးပေါ့။ “ လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီက နံနက်အစောပိုင်းတွေမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှု မကြာခဏ ပြုလုပ်လာပါတယ်။

ယမန်နေ့ ဧပြီလ ၃ရက်နေ့ နံနက် ၁နာရီအချိန်မှာလည်း ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင် ဒေါစဲကျေးရွာကို လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ပါတယ်။

အလားတူ ဧပြီလ ၁ရက်နေ့ နံနက် ၁နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ် ကွိုင်ငံကျေးရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo – KNDF B-10
Photo – KNDF B-10
Photo – KNDF B-10
Photo – KNDF B-10
Photo – KNDF B-10
spot_img
spot_img