spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

အခက်အခဲရှိတဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အခက်အခဲပိုရှိတဲ့ CDM ဝင်တဲ့ အမျိုးသမီး ဝန်ထမ်းတွေနဲ့ မြို့ပေါ်ရပ်ကွက်ထဲက အမျိုးသမီးတွေကို ကူညီထောက်ပံ့ပေးတာတွေပြုလုပ်ပေးတယ်လို့ သိရပါတယ်။

ကူညီထောက်ပံ့ပေးတဲ့ အစီအစဉ်မှာ ပါဝင်လှုပ်ရှားတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးကတော့ “ ဒီ CDMလုပ်တဲ့ ဝန်ထမ်းတွေ က အမျိုးသမီးထုတွေ အကုန်လုံးပေါ့။ အခက်အခဲ ရှိတဲ့ အမျိုးသမီးထုတွေကို တစ်ထောင့်တစ်နေရာ ကနေပြီးတော့မှ နည်းနည်းလေးထောက်ခံ နိုင်ဖို့ အားရှိမလားဆိုပြီးတော့မှ အလှူခံလိုက်တာ။ ခက်ခဲနေတဲ့ အမျိုးသမီးတွေ ဘယ်လောက်ရှိမလဲ CDMဝန်ထမ်းအမျိုးသမီးတွေ ဘယ်လောက်ရှိမလဲ ဆိုပြီးတော့မှ အလှူခံလိုက်တယ်။ ရလာတဲ့ အလှူခါကျတော့ အမျိုးသမီး ဦးဆောင်သူတွေလည်းပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပါတယ်။ အဲ့ဟာတွေ အကုန်လုံး စုပြီးတော့မှ ပြန်ခွဲဝေပေးတဲ့ အပိုင်းလုပ်တယ်ပေါ့နော။ ”

CDMဝင်တဲ့ ပညာရေးဝန်ထမ်း အမျိုးသမီး တစ်ဦးက လစာမရတော့တဲ့အတွက် အခက်အခဲရှိလာနိုင်ကြောင်း အခုလို ပြောပါတယ်။

“ အခက်အခဲဆိုတော့ အခုလောလောဆယ် ကျမတို့က နေရေး ထိုင်ရေးတော့ အဆင်ပြေတယ်ပေါ့။ ဒါပေမယ့် နောက်ပိုင်းကျရင် ကျမတို့က CDM လုပ်တယ်ဆိုတော့ လစာမပေးဘူးလို့ ပြောတယ်လေ ပညာရေးမှူးက လစာမပေးဘူးဆိုတော့ လစာ မရရင် ကျမတို့က ဘာသွားစားမလဲ ပေါ့နော။ စားဖို့ အခက်အခဲရှိတယ်ပေါ့။ စားဖို့ အခက်အခဲရှိတယ်ဆိုတော့ ငွေရေးကြေးရေးလည်း အခက်အခဲရှိတယ်လေ။ ”

ကောက်ခံရရှိတဲ့ အလှူငွေတွေနဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ တစ်ဦးကို ဆန်တစ်အိတ်နဲ့ ဆီ၊ ကုလားပဲ၊ ကြက်သွန်၊ ကြာဇံစတဲ့ ပစ္စည်း ၇ မျိုး ကို လှူဒါန်းထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

ထောက်ပံ့ပေးတဲ့နေရာမှာ CDMဝင်တဲ့ ဌာနငါးခုက အခက်အခဲရှိဆုံး ဝန်ထမ်းတွေနဲ့ ဖရူဆိုမြို့ပေါ် ငါးရပ်ကွက်ထဲက ခက်ခဲတဲ့ အမျိုးသမီးတွေကို လှူဒါန်းထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

အခုလက်ရှိ ဖရူဆိုမှာ ခက်ခဲတဲ့ CDMဝန်ထမ်း ၃၃ ယောက်နဲ့ ငါးရပ်ကွက်ထဲက အမျိုးသမီးထု ၂၂ ယောက် စုစုပေါင်း ၅၅ယောက်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts