spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ ယန္တာရား လည်ပတ်စေတဲ့ လုပ်ငန်းကို ရပ်တန့်ဖို့ KSCC လုပ်ဆောင်မည်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တာရားတွေကို အထောက်အကူပြုစေနိုင်တဲ့ မည့်သည့်လုပ်ငန်းကိုမဆို ရပ်ဆိုင်းထားဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCCက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

” ပထမတစ်ချက်က ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ အဓိက ငွေကြေး ယန္တာရားကို လည်ပေးနေတဲ့ တင်ဒါလုပ်ငန်းတစ်ခုလည်း ဖြစ်နေတယ်ပေါ့နော။ စစ်ကောင်စီရဲ့ ဒီ သက်ဆိုးရှည်စေနိုင်တဲ့ တင်ဒါလုပ်ငန်းတွေမှာ ပါဝင် မယ်ဆိုရင် အသက်သွင်းပေးသလို ဖြစ်မှာ စိုးတဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ အဓိက ငွေပေါ့နော။ငွေတွေကို ရှာပေးနေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တဲ့ တင်ဒါလုပ်ငန်းကို ပြည်သူတွေ အနေနဲ့ မပါဝင်ပေးဖို့ဆိုတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်ဖို့ဆိုတဲ့ တစ်ချက်ပေါ့။ ဒါက အဲ့ဒီဟာရဲ့ ရည်ရွယ်ချက် တစ်ချက် ဖြစ်တယ်။ “

လက်ရှိမှာ လမ်း၊ လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းတွေအသစ်တွေ စစ်ကောင်စီ ကဆောင်ရွက်နေတာတွေရှိ တယ်လို့ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တင်ဒါလုပ်ငန်းတွေ အားလုံး ချက်ချင်းရပ်ဆိုင်းကြဖို့ ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များ KNDFအနေနဲ့ လိုက်လံစစ်ဆေးခြင်းနဲ့ အရေးယူဆောင်ရွက်ခြင်းတွေ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ KSCC က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဓိက စစ်အာဏာစနစ် ပြုတ်ကျဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ KNDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” လူထုအကျိုး မကြည့်ဘူးလားဆိုတော့ အဓိက ကျနော်တို့ လိုတာက စနစ်ကို အရင်ဆုံးတည်ဆောက်မယ်။ စနစ်ပြီးရင်တော့ လူသားဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဆောက်ရင်တော့ ခဏလေးပါပဲ။ လောလောဆယ်ကတော့ တိုက်ပွဲတွေရှိအုံးမယ်။ တိုက်ပွဲပြင်းထန်မယ်။ အဲ့ဒီအတွက် ဒါကို ကျနော်တို့ ရပ်တန့်ဖို့ပြောလိုက်တာပါပဲ။ အကျိုးမရှိတာမဟုတ်ပါဘူး။ အကျိုးရှိပါတယ်။ အသွားအလာလုပ်လို့ရတယ်။ ဒါပေမယ့် အဲ့တာထက် အရေးကြီးနေတာက စစ်ကောင်စီပြုတ်ဖို့ အရေးကြီးနေတာလေ။ အဲ့ကတော့ ကျနော်တို့ ရှင်းရှင်းလင်းလင်းပြောချင်တာပါ။ “

လုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီအောက်မှာ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့ နဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တင်ဒါလုပ်ငန်း အားလုံးကို စစ်ဆေးအရေးယူသွားမယ်လို့ဆိုပါတယ်။

spot_img
spot_img