Homeသတင်းဖရူဆို၊ ကဒါးလားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့

ဖရူဆို၊ ကဒါးလားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့(စက်တင်ဘာ ၁၄ရက်) မနက် (၆)နာရီခွဲ ဝန်းကျင်မှာ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးမှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” မနက် ၅နာရီကျော်ကတည်းက စပစ်တာ။ အကြာကြီးပဲ။ လက်နက်ကြီး လက်နက်ငယ်တွေလည်းပါတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် တိုက်ပွဲမှာ စစ်ကောင်စီဖက်မှ သေဆုံးမှုရှိသလို KA၊ KNDF ဖက်မှ တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးမှုရှိတယ်လို့ ကနဦးသိရှိရပြီး အတိအကျကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ ကျေးရွာက ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ