spot_img
30.9 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံရ

ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း ၊ ဆီးမီးလော့ကျေးရွာ အောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ဒီကနေ့ မနက် ၄နာရီ ခွဲ အချိန်မှာ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်လည်ဆုတ်ခွာသွားပြီး စစ်ကောင်စီ ထောင်ထားတဲ့ မှိုင်းတွေကို ရှင်းလင်းခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ၄၂၂ တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းကို စစ်ကောင်စီတပ်က မေလ ၁၅ ရက်နေ့ကစပြီး စစ်ကြောင်းထိုးတဲ့အတွက် တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပါတယ်။

“ဖယ်ခုံဖက်မှာတော့ အခုချိန်ထိ စစ်ကောင်စီဖက်က စစ်ကြောင်းထိုးပြီးတော့ အဲ့တာ သူတို့ရှိနေတုန်းပဲပေါ့နော။ သူတို့ အဲ့ဒီဖက်ကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်။ ပြီးတော့ အဲ့ဒီမှာရှိတဲ့ KNDF ၊ PDFပူးပေါင်းတပ်ဖွဲ့တွေ ၊ KA တွေ ပေါ့နော သူတို့ အဲ့မှာ ခုခံ တိုက်ခိုက်နေတယ်ပေါ့နော။“ လို့ KNDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို မေ ၂၃ ရက်မှာ ဖြေကြားထားပါတယ်။

၁၀ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက် ၃၀ ဦးထက်မနည်း သေဆုံးခဲ့သလို KNDF B-03မှ ရဲဘော် တစ်ဦး နဲ့ ဖယ်ခုံ PDF တပ်ရင်း ၂ မှာ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပါတယ်။

တိုက်ပွဲ ဖြစ်ပွားဖြစ်ပွားမှုကြောင့် ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ကျေးရွာ ၁၅ ရွာက ဒေသခံ ငါးထောင်နီးပါး စစ်ဘေးရှောင်နေရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ