spot_img
16.4 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းဇွန်လဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်သား ၂၂ဦးသေဆုံး

ဇွန်လဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်သား ၂၂ဦးသေဆုံး

-

ကန္တာရဝတီတိုင်း( မ် )

ဇွန်လ ဒုတိယအပတ်အတွင်း ကရင်နီပြည်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၂၂ဦး သေဆုံးတယ်လို့ KNDF က ဒီကနေ့ ( ဇွန်လ ၁၆ ရက်နေ့ ) မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၀ရက်နေ့ကနေစပြီး ဇွန်လ ၁၅ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတဲ့ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ ဇွန်လ ၁၂ရက်နေ့ တစ်ရက်တည်းကို စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကရင်နီပြည် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နဲ့ ဖယ်ခုံမြို့တွေမှာ ဇွန်လ ဒုတိယအပတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာလည်းရှိနေပါတယ်။

ဇွန်လ ပထမအပတ်အတွင်းမှာလည်း ကရင်နီပြည်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၆ဦးသေဆုံးသွားခဲ့တယ်လို့ KNDF  က ထုတ်ပြန်ထားခဲ့ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသေဆုံးမှု ၁၂၂၇ ဦး ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ ဇွန်လအတွင်း လက်နက်ကြီးထိခိုက်ပြီး သေဆုံးသွားတဲ့ အရပ်သား ၅ဦး၊ ပစ်သတ်ခံရသူ ၁ဦးနဲ့ မိုင်းနင်းမိပြီး သေဆုံးသူ တစ်ဦးရှိခဲ့ပါတယ်။ လက်နက်ကြီးထိခိုက်ပြီး ဒဏ်ရာရတဲ့ အရပ်သားလည်း ၁၅ဦးရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ