spot_img
12.6 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်မှာ starlink အင်တာနက် ကို စတင်အသုံးပြုနေပြီ

ကရင်နီပြည်မှာ starlink အင်တာနက် ကို စတင်အသုံးပြုနေပြီ

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ starlink အင်တာနက် စတင်အသုံးပြုနေပြီလို့ Free Burma Ranger ( FBR ) အဖွဲ့တည်ထောင်သူ David Eubank က သူ့ရဲ့ Twitter မှာ ဇွန်လ ၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

Starlink အင်တာနက် ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ကမ္ဘာကျော် သူဌေးကြီး Elon Musk နဲ့ သူရဲ့ ကုမ္ပဏီကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ Twitter လူမှုကွန်ယက်မှတဆင့် ပြောကြားထားတာပါ။

“ ငါတို့အခုက ပြင်းထန်ပြီး၇၃ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်‌‌နေတဲ့မြန်မာပြည်မှာပေါ့။ ပြီးခဲ့တဲ့ အာဏာသိမ်းမှုဖြစ်ကတည်းက စစ်ပွဲကြောင့် လူသုံးသန်းကျော် စစ်ဘေးရှောင်နေရတဲ့ထဲက ဒီကရင်နီပြည်မှာက ၃ သိန်းနီးပါးရှိပါတယ်။ ရွာအချို့ ဗုံးကြဲခံရတယ်။ ဒီမှာတော့ ငါတို့နဲ့အတူ စစ်ဘေးရှောင်တွေရှိနေတယ်။ ငါတို့ဒီအရာ မင်းတို့ရဲ့အကူအညီနဲ့ရရှိသွားပါပြီ။ ကျေးဇူးတင်ပါတယ်။ ဘုရားရှင်ကောင်းချီးပေးပါစေ။” လို့ David Eubank က သူ့ရဲ့ Twitter မှာ ဖော်ပြထားပါတယ်။

Starlink ဟာ ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်အတွက် အင်တာနက်အသုံးပြုခွင့်ကို ပံ့ပိုးထားတယ်လို့ သိရပါတယ်။

လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရတာ နှစ်နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ Free Burma Ranger ဟာ ကရင်နီပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာ နယ်မြေက လူထုတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ