spot_img
17.1 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်အပါအဝင် စစ်ကောင်စီက နယ်လုံဝန်ကြီး အစားထိုးခန့်အပ်မှုတွေ ပြုလုပ်

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်အပါအဝင် စစ်ကောင်စီက နယ်လုံဝန်ကြီး အစားထိုးခန့်အပ်မှုတွေ ပြုလုပ်

-

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ကရင်နီပြည် ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် ပြည်နယ် ၄ခုနဲ့ မန္တလေးတိုင်းဒေသကြီးရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို အစားထိုးခန့်အပ်မှုတွေ ပြုလုပ်တယ်လို့ စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကရင်နီပြည်မှာတော့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ အစား  ဗိုလ်မှူးကြီး သန်းစိုးအောင်ကို ခန့်အပ်လိုက်ပါတယ်။ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း အစား ဗိုလ်မှူးကြီး ကျော်သူရ၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် အစား ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် အစား ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း အစား ဗိုလ်မှူးကြီး နေလင်းစိုးကို ခန့်လိုက်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်က ယခင်ရှိနှင့်ပြီးသား ဗိုလ်မှူးကြီး မြင့်ဝေဟာ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) အစိုးရလက်ထက်ကတည်းက နယ်လုံဝန်ကြီးရာထူးကို ယူထားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကနေ ဝန်ကြီးဌာနက ဝန်ကြီး‌တွေကို အပြောင်းအလဲ မကြာခဏ ပြုလုပ်နေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ