spot_img
32.1 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီ လက်အောက်ခံတွေကို ပြည်သူလူထုနဲ့အတူ ရပ်တည်ဖို့ ကလလတ ဖိတ်ခေါ်

စစ်ကောင်စီ လက်အောက်ခံတွေကို ပြည်သူလူထုနဲ့အတူ ရပ်တည်ဖို့ ကလလတ ဖိတ်ခေါ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း အမိန့်ပေးညွှန်ကြားစေလွှတ်ခံရတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ တပ်သားတွေအပါအဝင်၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာပါဝင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြည်သူနဲ့ အတူ လာရောက်ပူးပေါင်းဖို့အတွက် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)က နိုဝင်ဘာလ ၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။

“ဒီကနေ့ စစ်အုပ်စုက စစ်တပ်တွေက တိုင်းပြည်အတွက် ပြည်သူအတွက် ကာကွယ်ပြီးတိုက်နေတာ မဟုတ်ဘူး ဆိုတာ ကျနော်တို့ထင်သာမြင်သာအောင် ပြောချင်တာအဓိက ပါပါတယ်။ နောက်ပြီးကျနော်တို့က ဒီလူတစုအတွက် လူတစုရဲ့ အကျိုးစီးပွားအတွက် အသက်ပေးပြီး အသေခံတာက ဖြစ်သင့်လားပေါ့ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ကျနော်တို့က ကျနော်တို့ပေါ်လစီနဲ့အညီ ကျနော်တို့ ဒီလို ထုတ်ပြန်တာဖြစ်ပါတယ်”လို့ ကလလတ ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး လောရင်းစိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ပြည်သူနဲ့အတူ ပါဝင်ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သား၊ အရာရှိ၊ အရာခံတွေအနေနဲ့ လက်နက်ယူဆောင်လာသည်ဖြစ်စေ၊ မယူဆောင်လာသည်ဖြစ်စေ အချိန်မရွေး တော်လှန်ရေးတပ်ဖွဲ့ တွေဆီ ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပူးပေါင်းပါဝင်လာသူတွေရဲ့ အသက်နဲ့ ဂုဏ်သိက္ခာအတွက် ကလလတ မှ အပြည့်အဝ တာဝန်ယူ ပေးမယ်လို့လည်း ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ