spot_img
18.7 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းဖရူဆို၊ အင်တောစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်တွေရဲ့ ဝက်သားပေါက် သေဆုံးမှုများနေ

ဖရူဆို၊ အင်တောစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်တွေရဲ့ ဝက်သားပေါက် သေဆုံးမှုများနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထဲက အင်တောစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်တွေ တနိုင်တပိုင် မွေးမြူ ထားတဲ့ ဝက်သားပေါက်တွေ သေဆုံးနေတယ်လို့ ဝက်မွေးမြူနေတဲ့ စစ်ရှောင် တစ်ဦးက ပြောပါတယ်။

“ဝက်က သစ်ပင်အောက်၊ ဝါးပင်အောက်မှာဖြစ်တော့ နည်းနည်း သန့်ရှင်းမှု အားနည်းသေးတာပေါ့။ ဝက်ခြံနဲ့ တဲအိမ်ကလည်း နီးတယ်လေး။ ခြင်မဟုတ်လည်း တစ်ခုခု ရောဂါရနိုင်တာပေါ့၊ ဆေးတစ်ခုခု ဖျန်းပေးနိုင်ရင်တော့ ကောင်းတာပေါ့၊” လို့ ဝက်မွေးမြူထားတဲ့ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ဝက်သားပေါက် ၁၅ ကောင်အထိ ရှိနေပြီဖြစ်ပြီး ဝမ်းလျောတဲ့ လက္ခဏာနဲ့ ဝမ်းဖြူတွေသွားပြီး သေဆုံးသွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ စားဝတ်နေရေးအတွက် ဝက်တွေကို တနိုင်တပိုင်တွေကို မွေးမြူထားကြတာဖြစ်ပါတယ်။

အခုလို ဝက်သားပေါက်တွေ သေဆုံးနေတဲ့အပေါ် ကာကွယ်ကုသနိုင်တဲ့ နည်းလမ်းနဲ့ ဆေးဝါးတွေမရှိတဲ့အပြင် တိရိစ္ဆာန် ဆရာဝန်တွေမရှိတာကြောင့် တခြား ဝက်တွေကိုပါ ကူးစက်မှာကို စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။

ဒေသပေါက်စျေးအရ ဝက်သားပေါက် ၁ကောင်ကို ကျပ် ၁၆၀၀၀၀ အထိ ပေါက်စျေးရှိနေပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ ယခုလို ဝက်တွေ၊ ကြက်တွေ သေဆုံးတာ နှစ်စဥ် နှစ်တိုင်း ကြုံတွေ့ကြရပါတယ်။

အင်တောစစ်ဘေးရှောင်မှာ စစ်ဘေးရှောင် အိမ်ခြေ (၂၀၀) ကျော် ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ