spot_img
19.4 C
Loikaw
Friday 17, October 2025
spot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ဆေးခန်းသွားဖို့ ရေချောင်းဖြတ်ရာကနေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး...

ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ဆေးခန်းသွားဖို့ ရေချောင်းဖြတ်ရာကနေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ရေထဲမျောပါသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်က ကရင်နီ ဒုက္ခသည်စခန်း အမှတ်(၁) မှာ ဆေးခန်းရက်ချိန်းသွားဖို့ ရေချောင်းဖြတ်ရာကနေ အသက်၄ဝ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ရေထဲမျောပါ သေဆုံးသွားတယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေသိရပါတယ်။

“မနက် ၅ နာရီခွဲအချိန်မှာ မိုးမလင်းသေးဘူး သူ့သူငယ်ချင်းနဲ့ပြန်လာတယ်။ အဲ့ရေချောင်းအထာကိုလည်း သူတို့မသိကြဘူး။ အဲ့ရေချောင်းကို အရင်က ကူးလို့ရတယ်ဆိုပြီး ကူးတာ နှစ်ယောက်လုံးမျောသွားတယ်။ သူ့သူငယ်ချင်းတစ်ယောက်က သစ်ကိုင်းတွေဆွဲတာ မိတယ်။ သူတော့မျောသွားတယ်ပေါ့။ မနက် ၅နာရီခွဲကတည်းက မျောသွားတာ နေ့လည် ၁နာရီကျော်လောက်မှ အလောင်းပြန်ရှာတွေ့တယ်လို့ပြောတယ်။”လို့ ဆွေမျိုးနီးစပ်သူ တစ်ဦးက ဆိုပါတယ်။

ဖြစ်စဉ်ကတော့ ဒီနေ့ (ဩဂုတ်လ ၂၈ ရက်နေ့) မနက်၆ နာရီမှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ သေဆုံးခဲ့တဲ့ အမျိုးသမီးမှာ သား/သမီး နှစ်ဦး နဲ့ ခင်ပွန်းသည် ကျန်ရစ်ခဲ့ပါတယ်။

ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်နေ့) ညပိုင်းကစ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေကြောင့် စခန်းတွင်း လမ်းတွေနဲ့ ချောင်းတွေမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် နေရာတချို့မှာ မြေပြိုမှုလည်း ဖြစ်ပွားခဲ့တာကြောင့် လမ်းပျက်စီးမှုလည်း ရှိခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ