spot_img
24.7 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ခွေးရူးကိုက်ခံရမှု ရှိနေတဲ့အတွက် မိဘတွေ ကလေးကို ကျောင်းပို့ဖို့ စိုးရိမ်မှုရှိ

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ခွေးရူးကိုက်ခံရမှု ရှိနေတဲ့အတွက် မိဘတွေ ကလေးကို ကျောင်းပို့ဖို့ စိုးရိမ်မှုရှိ

-

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈)ရက်နေ့က ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖ စစ်ရှောင်စခန်းမှာ ကလေးငယ်အပါအဝင် စစ်ဘေးရှောင်သုံးဦး ခွေးရူးကိုက်ခံရတာကြောင့် မိဘတွေဟာ ကလေးတွေကို ကျောင်းပို့ဖို့ စိုးရိမ်မှုရှိနေကြတယ်လို့ သိရပါတယ်။

“ကိုက်ခံရတာတော့ လွိုင်နန်းဖ ဖက်ခြမ်းကပေါ့။ မိန်းကလေးစစ်ရှောင်ထဲက အဒေါ်တစ်ယောက်တော့ အသက်(၅၀) ဝန်းကျင်ရှိတယ်။ ယောကျာ်းလေးတစ်ယောက်ကတော့ အသက် (၁၇)နှစ် ၊ (၁၈)နှစ် ဝန်းကျင်ပေါ့နော်။ နောက်တစ်ယောက်ကတော့ အသက် လေးနှစ် ဝန်းကျင်ရှိတာပေါ့”လို့ ဒေသခံ အမျိုးသမီး က ဆိုပါတယ်။

ခွေးကိုက်ခံရသူတွေထဲမှာမှ လေးနှစ်အရွယ် ကလေးမှာ ဒဏ်ရာနက်ပြီး လက်ရှိမှာတော့ ဆေးခန်းက ကာကွယ်ဆေး ထိုးပေးထားတယ်လို့ သူကဆိုပါတယ်။

“လက်ရှိ ကျမတို့ ကလေးရှိတဲ့သူတွေဆို ကျောင်းဆိုလဲ ကိုးနာရီလောက်မှပဲ သွားခိုင်းတော့တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆို ဒီဖက်တကြောက (လွိုင်နန်းဖ) ခွေးရူးပြန့်မှာလဲ စိုးရိမ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆို ခွေးကလျှောက်ပတ်သွားနေတော့ ကိုယ့်ကလေးကိုလဲ အရမ်းစိုရိမ်ရတယ်ပေါ့နော်။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ခွေးကိုက်ခံရရင် သွားရောက်ပြသဖို့ ဆေးရုံဆေးခန်းရှိရာနေရာနဲ့ အလှမ်းဝေးတာကြောင့် အခက်အခဲရှိတယ်လို့လည်း ပြောပါတယ်။

“ခွေးရူးကာကွယ်ဆေးကတော့ ဆေးရုံမှာရှိရင်တော့ အလှူငွေလောက်ပဲ ပြန်ပေးရတာပေါ့။ သက်ဆိုင်ရာဆေးရုံမှာ လဲမရှိဘူးဆိုရင်တော့ ဆီးဘူးထိ သွားဝယ်ရတယ်ပေါ့။ တခါတလေ ဆေးရှိပေမဲ့ တခါတလေ မရှိဘူးပေါ့။ လမ်းခရီးကလည်း အရမ်း‌ဝေးနေတယ်ဆိုတော့ အဆင်မပြေတာ အများကြီးရှိတယ်ပေါ့နော် ငွေရေးကြေးရေးအရကော။” လို့ ဒေသခံ အမျိုးသမီးက ပြောပြပါတယ်။

လက်ရှိမှာ ခွေးရူးကာကွယ်ဆေးတစ်ချောင်းကို ကျပ် (၂၅၀၀၀) ကနေ (၅၀၀၀၀)ထိ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း စစ်ရှောင်စခန်းတွင်းက စာသင်ကျောင်းမှာ စာသင်ခန်းထိ ခွေးက ဝင်ရောက်ကိုက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ယခုနှစ်မှာလည်း လွိုင်နန်းဖရွာအတွင်း ခွေးကိုက်ခံရသူ ဆယ်ဦးခန့် ရှိနေပြီလို့လည်း အဆိုပါ ဒေသခံတစ်ဦးက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ