spot_img
25.4 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်းဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ဝက်နာကျပြီး သေဆုံးမှု တွေ ရှိနေ

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ဝက်နာကျပြီး သေဆုံးမှု တွေ ရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇူလှိုင်လ အစောပိုင်းက စပြီး ဒေသခံနဲ့ စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူထားတဲ့ ဝက်တွေ ရောဂါဖြစ်ပွားပြီး သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဝက်တွေမှာတွေ့ရတဲ့ လက္ခဏာဟာ လူတွေမှာဖြစ်တတ်တဲ့ တုတ်ကွေးလက္ခဏာနဲ့ ဆင်တူတယ်လို့ဆိုပါတယ်။ တစ်ကိုယ်လုံး တုန်ရီနေပြီး (၃) ၊(၄) ရက် အစားမစားရာကနေ သေဆုံးကြတာ ဖြစ်တယ်လို့ ဝက်မွေးမြူသူ စစ်ရှောင် အမျိုးသမီး တစ်ဦးက အခုလို ပြောပါတယ်။

“လူတွေ တုတ်ကွေးမိသလိုမျိုးပဲ ။ တကိုယ်လုံး တုန်ပြီး ဖျားနေတယ်။ အရမ်းတုန်တယ်။ ပြီးတော့ ပါးတွေ မှာလည်း ရောင်ကုန်တယ်။ အစာလည်း မစားဘူး ။ နှစ်ရက် သုံး ရက် လောက် ဖြစ်တယ်။” လို့ ဝက်မွေးမြူသူ စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်အမျိုးသမီးဟာ တစ်နိုင်တစ်ပိုင် မွေးမြူထားတဲ့ ဝက်နှစ်ကောင်ကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပြီး သာမာန်လူတွေ အတွက် မပြောပလောက်ပေမယ့် အခုလို ဝင်ငွေမရှိပဲ စစ်ရှောင်နေရတဲ့ ကာလမှာတော့ ဒါဟာ ကြီးမှားတဲ့ ဆုံးရှုံးမှု တစ်ခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဝက်နာကျမှု ဖြစ်ပွားနေပေမယ့် လာရောက်ကုသပေးမယ့် တတ်ကျွမ်းနားလည်တဲ့ တိရိစ္ဆာန်ဆရာဝန်၊ သို့မဟုတ် ကျန်းမာရေးမှူးတွေ မရှိဘူးလို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ တခြားသော ဝက်တွေကို ကူးစက်မှုနှုန်း လျော့နည်းအောင်လို့ သေဆုံးသွားပြီးတဲ့ ဝက်တွေကိုတော့ သေချာလေး မြေမြုပ်ပေးပြီး ပိုးသတ်ဆေးတွေ ဖြန်းထားသင့်တယ်လို့ တိရိစ္ဆာန်ကုသရေး ကျန်းမာရေးမှူး တစ်ဦးက အခုလို ပြောပါတယ်။

“သေဆုံးပြီးသား အကောင်တွေကို မြေမြုပ်လိုက်တာက အကောင်းဆုံးဖြစ်တယ်။ မြုပ်ထားတဲ့ အပေါ်မှာလည်းထုံးတွေ ဖြူထားရမယ်။ ပြီးရင် ပိုးသတ်ဆေးဖြန်း ရမယ်။ သူသေဆုံးသွားတဲ့နေရာမှာလည်း ပိုးသတ်ဆေးတွေ ၊ ထုံးတွေ ဖြူးရမယ်။ တူတူနေတဲ့အကောင်တွေ ဖျားနာတာတွေ ရှိရင် ခွဲထားပေး (၁) ပတ်လောက် စောင့်ကြည့်ပေးသင့်တယ်” လို့ တိရိစ္ဆာန်ကုသရေး ကျန်းမာရေးမှူးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ ဒေသခံတွေ စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင် မွေးမြူကြတဲ့ ဝက်တွေ ဟာ နှစ်စဉ်နှစ်တိုင်း သေဆုံးမှုတွေနဲ့ ကြုံတွေ့ နေကြရပြီး ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ