Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းက ကျေးရွာတစ်ခုမှာ ရေကြီး၊ ဖြတ်သန်းသွားလာဖို့ခက်ပြီး စစ်ဘေးရှောင်နဲ့ ဒေသခံအချို့ ပစ္စည်းရွေ့ပြောင်းနေရ

ဒီးမော့ဆိုအနောက်ခြမ်းက ကျေးရွာတစ်ခုမှာ ရေကြီး၊ ဖြတ်သန်းသွားလာဖို့ခက်ပြီး စစ်ဘေးရှောင်နဲ့ ဒေသခံအချို့ ပစ္စည်းရွေ့ပြောင်းနေရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ကျေးရွာတစ်ရွာမှာ ယမန်နေ့ည က မိုးကြီးပြီး ရေတက်လာတာကြောင့် သွားလာရခက်ခဲပြီး ဒေသခံနဲ့ စစ်ဘေးရှောင်တချို့ ပစ္စည်းတွေရွေ့ပြောင်းနေကြရပါတယ်။

“မနက် ၂ နာရီချိန်မှာ ခွေးဟောင်တာ ထပ်ကြည့်မှ သိရတာ ရေက အိမ်ထဲ ဝင်ကုန်ပြီ။” လို့ စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။

ယနေ့မနက် အစောပိုင်းအထိရေကြီးနေဆဲဖြစ်ပြီး ဖြတ်သွားလာတဲ့ ကား၊ ဆိုင်ကယ်တွေက တစ်ဝက်ထိ မြုပ်တာကြောင့် သွားလာရခက်ခဲနေဆဲဖြစ်ပါတယ်။
ရေကြီးမှုကြောင့် စစ်ဘေးရှောင်နဲ့ ဒေသခံရဲ့ နေအိမ်အချို့မှာတော့ ရေဝင်တာရှိသလို စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေ၊ နေအိမ်မှာ ထားရှိတဲ့ စပါး၊ ပစ္စည်းတွေပါ ပျက်စီးတာ ရှိနေပါတယ်။

ဒေသခံတွေကတော့ ရေစီးရေလာကောင်းမွန်အောင် ရေမြောင်းဖော်တာတွေကိုပြုလုပ်နေသလို ဖြတ်သန်းသွားလာမှုတွေမပြုလုပ်အောင် လမ်းတွေလည်းယာယီပိတ်ထားတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ