spot_img
Homeသတင်းသမ္မတ ဦးဝင်းမြင့် လွှတ်မြောက်လာပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်လျော့ပေါ့ခွင့်ရ

သမ္မတ ဦးဝင်းမြင့် လွှတ်မြောက်လာပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်လျော့ပေါ့ခွင့်ရ

-

ကန္တာရဝတီတိုင်း (မ်)

ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ဆန်း ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့် ပြစ်ဒဏ်ကနေ လွှတ်ငြိမ်းခွင့်ရပြီး လက်ရှိမှာတော့ နေအိမ်ကိုပြန်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းတွေအရ သိရပါတယ်။

သမ္မတဦးဝင်းမြင့်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လွှတ်ငြိမ်းခွင့်ပေးခဲ့တာလို့လည်း စစ်အစိုးရပိုင်မီဒီယာတွေက ထုတ်ပြန်ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အကျဥ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ချလိုက်ပြီဖြစ်ကြောင်း သူမရဲ့ ရှေ့နေက ဒီကနေ့ ဧပြီ ၁၇ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၇ နှစ်တာ ပြစ်ဒဏ်ကို ၄ နှစ် ၆ လ (ခြောက်ပုံတစ်ပုံ) လျှော့ချခဲ့ပေမဲ့လည်း ကျန်ရှိတဲ့ပြစ်ဒဏ်ကို နေအိမ်အကျယ်ချုပ်နဲ့ ကျခံခွင့်ပြုမည်၊ မခွင့်ပြုမည်ကိုတော့ မသေချာသေးကြောင်း သူမရဲ့ ရှေ့နေ က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်အသီးသီးက အကျဥ်းသူ၊ အကျဥ်းသား ၄၃၃၅ ဦးကို ဒီနေ့ ဧပြီ ၁၇ ရက်နေ့မှာ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ပေးထားတာပါ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ