spot_img
Homeသတင်းစစ်ကော်မရှင်တပ်တွေက ဖရူဆိုအရှေ့ဘက် ကျေးရွာတွေဆီ ဦးတည် စစ်ကြောင်းထိုးနေတာကြောင့် လူထုတွေ ထွက်ပြေးနေရ၊ ဒေသခံတစ်ဦး ပျောက်ဆုံးနေ

စစ်ကော်မရှင်တပ်တွေက ဖရူဆိုအရှေ့ဘက် ကျေးရွာတွေဆီ ဦးတည် စစ်ကြောင်းထိုးနေတာကြောင့် လူထုတွေ ထွက်ပြေးနေရ၊ ဒေသခံတစ်ဦး ပျောက်ဆုံးနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်တွေဟာ မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းက ကျေးရွာတွေဆီကို ဦးတည်စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာတစ်ခုက လူထုတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ယမန်နေ့ (မေလ ၇ရက်နေ့) နေ့လယ် ၁ဝ နာရီခွဲ ဝန်းကျင် အချိန်မှာ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ည အထိ နောက်ပြန်မဆုတ်သေးပဲ ကျေးရွာအနီးမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေစဉ်အတောအတွင်း တောင်ယာ၊ ယာခင်းသွားတဲ့ အမျိုးသားတစ်ဦးဟာလည်း အိမ်ပြန်မလာပဲ ပျောက်ဆုံးနေတယ်လို ဒေသခံတွေက ဆိုပါတယ်။

“သူက တောင်ယာသွားတာ၊ နွားပါ ဆွဲသွားတယ်၊ သူ့နွားကတော့ ရေပြန်လာသောက်နေတာ တွေ့နေပြီ၊ သူက ပေါ်မလာသေးဘူး ဖြစ်နေတယ်၊ (စစ်ကော်မရှင်တပ်က) သူ့ကို ခေါ်သွားတာ ဖြစ်နိုင်တယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ်တွေရဲ့ မျှော်လင့်မထားတဲ့ စစ်ကြောင်းထိုးမှုကြောင့် အဲဒီ တောင်ယာ၊ ယာခင်းသွားတဲ့ သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိနိုင်ပြီး ပြန်လွတ်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေပါတယ်။

လက်ရှိ ထွက်ပြေးနေရတဲ့ ကျေးရွာတစ်ခုက ဒေသခံတွေကတော့ အနီးနားကျေးရွာနဲ့ လုံခြုံတယ်လို့ ယူဆရတဲ့ တောတောင်တွေ အတွင်းမှာ ပုန်းရှောင်နေရပါတယ်။ အဆိုပါကျေးရွာဟာ လူဦးရေအားဖြင့် ၂၀၀ ဝန်းကျင်ရှိနေပြီး စစ်ကော်မရှင်တပ်က ဒရုန်းတွေလွှတ်ပြီးကင်းထောက်နေတာကြောင့် နေရပ်ပြန်နိုင်ဖို့အရေး အခြေအနေကို နားစွင့်ထားရကြောင်း ဒေသခံတွေက ဆိုပါတယ်။

ရွေးကောက်ပွဲကာလအတွင်းမှာပဲ စစ်ကော်မရှင်ဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို ပြုလုပ်နေတာပါ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ