spot_img
Homeသတင်းလွိုင်ကော်မြို့တွင်းမှာ အမျိုးသားတဦးကို ငွေကြေးလုယက်ပြီး ရိုက်နှက်

လွိုင်ကော်မြို့တွင်းမှာ အမျိုးသားတဦးကို ငွေကြေးလုယက်ပြီး ရိုက်နှက်

-

CJ / ကန္တာရဝတီတိုင်း ( မ် )

စစ်အုပ်စုထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က အမျိုးသားတဦး အပြင်သွားရာ ငွေကြေးလုယက်ခံရပြီး ရိုက်နှက်ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦး နေအိမ်ကနေ ထွက်သွားရာကနေ ၂ရက်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ ပျောက်ဆုံးပြီးနောက် ၂ရက်အကြာ ဒေါဥခူရပ်ကွက် ၊ နောင်ယားကန်အနီးက ဝင်နာမီယာအကွက်အနီးအနားမှာ ပြင်ပဒဏ်ရာနဲ့အတူ သတိမေ့လျက်သား အနေအထားနဲ့ ပြန်လည်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသားဟာ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ နေအိမ်ကနေ ထွက်ခွာပြီးနောက် အဆက်သွယ်မရရှိတော့ဘူးလို့ အခြေအနေကို သိရှိတဲ့ မြို့ခံတဦးက ပြောပါတယ်။

“သူ့ကိုလာခေါ်သွားတော့ ပိုက်ဆံလည်း ပါသွားတယ်ပြောတယ်။ လာခေါ်တဲ့သူတော့ ဘယ်သူလည်း မသိလိုက်ဘူးလို့ သူ့မိသားစုကပြောတယ် ” လို့ အဆိုပါ မြို့ခံက ပြောပါတယ်။

အဆိုပါ အမျိုးသားဟာ ကုမ္ပဏီတခုရဲ့ ဝန်ထမ်းဖြစ်ပြီး အပြင်သွားစဉ် ယူဆောင်သွားတဲ့ ငွေကြေးပမာဏာကိုတော့ မသိရှိပေ။

လွိုင်ကော်မြို့တွင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် ခိုးဆိုးလုယက်မှုတွေပေါများလာတာ ၊ ရိုက်နှက်ခံရတာတွေ၊ ဖမ်းဆီးခံရမှုတွေ ၊ ပေါ်တာဆွဲခံရတဲ့ဖြစ်စဉ်တွေ ရှိတယ်လို့ မြို့ခံတွေပြောပြချက်အရ သိရပါတယ်။

“နိုင်ငံရေးကမကောင်းတော့ တောကြောင်တွေကလည်း တမျိုး ၊ ဖြစ်နိုင်ရင်တော့ ညဖက်အပြင်မထွက်တာပဲ ကောင်းပါတယ်”လို့ မြို့ခံလူငယ်တဦးက ပြောပါတယ်။

တရာဥပဒေစိုးမိုးမှုမရှိတာကြောင့် လွိုင်ကော်မြို့တွင်း သွားလာတဲ့အခါ ထိတ်လန့်နေရကြောင်း ၊ အပြင်သွားပါက ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ သွားသင့်ကြောင်း မြို့ခံတွေက ပြောဆိုပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ