spot_img
Homeသတင်းမြန်မာနိုင်ငံတစ်ဝှမ်းမှာ တလအတွင်း အမျိုးသမီး (၅၅) ဦးသေဆုံးမှုရှိ၊ ကရင်နီပြည်က ၃ ဦးပါဝင်

မြန်မာနိုင်ငံတစ်ဝှမ်းမှာ တလအတွင်း အမျိုးသမီး (၅၅) ဦးသေဆုံးမှုရှိ၊ ကရင်နီပြည်က ၃ ဦးပါဝင်

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး (၅၅) ဦးသေဆုံးမှုရှိခဲ့ပြီး ကရင်နီပြည်က ၃ ဦးပါဝင်တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ သေဆုံးခဲ့သူ အမျိုးသမီးတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့တိုက်ခိုက်မှုတွေထဲက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အများဆုံး ထိခိုက်သေဆုံးခဲ့ကြတာပါ။ သေဆုံးသူ ၅၅ ဦးမှာတော့ ၁၈ နှစ်အောက် အမျိုးသမီး ၆ ဦးပါဝင်တယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၃ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၃) ဦး၊ ကျည်ထိမှန်မှုကြောင့် (၃) ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၃ဦး စုစုပေါင်း ၅၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူအမျိုးသမီးတွေရဲ့ နေရာဒေသအရ ကရင်နီပြည်မှာ ၃ ဦးအပါအဝင် ရခိုင်ပြည်မှာ ၁၇ ဦး၊ စစ်ကိုင်းတိုင်းမှာ ၁၃ ဦး၊ကရင်ပြည်နယ်မှာ ၂ ဦး၊ ပဲခူးတိုင်းမှာ ၃ ဦး၊ ရခိုင်ပြည်မှာ ၄ ဦး၊ ကချင်ပြည်မှာ ၃ ဦး၊ ချင်းပြည်မှာ ၉ ဦး၊ မန္တလေးတိုင်းမှာ ၁ ဦးနဲ့ တနင်္သာရီတိုင်းမှာ ၁ဦး ဖြစ်ပါတယ်။

အခုလို အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်နိုင်ရန်အတွက်လည်း အားကောင်းပြီး တိကျသေချာတဲ့ အကူအညီနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို မြန်မာပြည်သူတွေအနေနဲ့ အရေးတကြီး လိုအပ်လျက်ရှိကြောင်း BWU ကပြောဆိုထားပါတယ်။

အလားတူ ကရင်နီလူ့အခွင့်အရေး (KnHRG) အဖွဲ့ ဒါရိုက်တာဖြစ်တဲ့ မမေကလည်း အာဏာသိမ်းစစ်တပ်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ အပြစ်မဲ့ လူထုတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ဟာတော့ သူတို့ လုံးဝမလုပ်သင့်ဘူးပေါ့နော်။ ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရကလည်း တားမြစ်ထားတဲ့ဟာတွေရှိတာပေါ့နော်။ ဒီဟာတွေကို စစ်ကောင်စီကနေ လိုက်နာဖို့အတွက် စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝန်းက ဖိအားပေးဖို့ လိုအပ်နေတယ်။”လို့ မမေက ဆိုပါတယ်။

ဩဂုတ်လအတွင်း ကရင်နီပြည်မှာ အမျိုးသမီး သေဆုံးသူ ၃ ဦးအနက် ဩဂုတ်လ ၄ ရက်နေ့က ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ၅ လသားအရွယ် မိန်းကလေးငယ်နဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဦး၊ ဩဂုတ်လ ၁၁ ရက်နေ့မှာ လွိုင်ကော်အရှေ့ဘက်ခြမ်း၊ စစ်ရှောင်စခန်းတနေရာက အသက် ၄၆ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတဦးတို့ ဒရုန်းထိမှန်မှုကြောင့် ထိခိုက်သေဆုံးခဲ့ကြောင်း ကန္တာရဝတီတိုင်း(မ်)ရဲ့ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ