Homeသတင်းလွိုင်ကော်စက်မှုဇုန်ရှိ ဂိုဒေါင်အတွင်း ယမ်းနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင်သိုလှောင်ထားသူကို ဖမ်းဆီးစစ်ဆေး

လွိုင်ကော်စက်မှုဇုန်ရှိ ဂိုဒေါင်အတွင်း ယမ်းနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင်သိုလှောင်ထားသူကို ဖမ်းဆီးစစ်ဆေး

-

ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သည့်အဖွဲ့က ကယားပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့စဉ် (ဓါတ်ပုံ=ကယားပြည်နယ်အစိုးရအဖွဲ့

လင်းသန့်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံအတွင်းမှ ယမ်းချောင်း (၄၈၀၀)နှင့် စနက်တံတွဲလျက် ဒီတိုနေတာ(၄၀၀၀)တို့ကို သိုလှောင်ထားသူကို ရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်။

နွားလဝိုးကျေးရွာအနီးရှိ လွိုင်ကော်စက်မှုဇုန်တွင် ဒေါ်မြမြစိမ်း(ခ)အားတုံ ငှားရမ်းထားသော သိုလှောင်ရုံအခန်းအမှတ် (၉/၁၀)အား ၂၀၁၈ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်က ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သည့်အဖွဲ့က ကယားပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှ အဆိုပါ တရားမဝင်သိုလှောင်ထားသော ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စက္ကူဖာဖြင့် ထည့်ထားသည့် အရှည် (၉) လက်မ၊ လုံးပတ် (၃) လက်မ ခန့်ရှိ ယမ်းချောင်း (၄၈၀၀) ချောင်း၊ အရှည် (၁၂) ပေခန့်ရှိ အဖြူရောင်စနက်တံကြိုးနှင့် တွဲလျက် အရှည် (၂)လက်မခန့်ရှိ အနက်ရောင် ဒီတိုနေတာ (၄၀၀၀) ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

ပေါက်ကွဲစေတတ်သည့် ပစ္စည်းများသိမ်းဆည်းထားသည့် ဂိုဒေါင်ပိုင်ရှင် ဒေါ်မြမြစိမ်း(ခ)အားတုံ (၄၃)နှစ်၊ (၁၃/သနန(နိုင်)၀၁၉၆၄၇) ၊ ကုန်သည်၊ လီရှော တရုတ် /ဗုဒ္ဓ၊ မိုင်း/၅၁၁ ၊ မိုင်းလုံးရပ်ကွက် ၊ လွိုင်ကော်မြို့နေသူအား ဖမ်းဆီးထားပြီး လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၉၄/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း   လွိုင်ကော်မြို့မရဲစခန်း၊ ရဲစခန်းမှူးထံမှ သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ