spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

ပုံစံ(၇)မရှိသည့်တောင်သူများ ငွေချေးနိုင်ရန် ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုင်းရင်းသားဒေသတွင် တောင်သူလယ်သမားများ ပုံစံ(၇)မရှိသည့်သူအတွက် ငွေချေးနိုင်ရန် ပြည်နယ်လွှတ်တော်တွင်အဆိုတင်သွင်းသွားမည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ပြောပါသည်။

“ပြည်သူ့အသံအရင်ယူတာပေါ့ပြီးတော့မှ မူဝါဒချမယ်။ မူဝါဒချ ပြီးလို့ရှိရင် ပြည်သူကို ပြန်ချပြအုံးမယ်။ အဓိကကတော့တောင်သူလယ်သမားတွေ ဘဝမြင့်တင်ပေးဖို့ ဦးတည်ချက်ပဲ။”ဟု ဦးလှထွေးက မတ်လ ၁၂-၁၃ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတဝီကျေးရွာတွင် ကျင်းပပြုလုပ်သည့် ဒေသရင်းမျိုးစေ့၊ ဒေသအစားအစာများနှင့် တိုင်းရင်းသားယဉ်ကျေးမှုများ နှီးနှောဖလှယ်ပွဲတွင် ကန္တာရဝတီတိုင်း(မ်)နှင့် တွေ့ဆုံကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းအဆိုတင်သွင်းနိုင်ရန် လိုအပ်သည့် တောင်သူများ၏ သတင်းအချက်အလက်များရယူရန် LAW HOME နှင့် နည်းပညာရပ်ဆိုင်ရာများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ပြည်နယ်အတွင်း မြို့နယ်အလိုက်ရှိ တောင်သူများတချို့ထံသို့ လက်ရှိကြုံတွေ့နေကြရသည့် အခက်အခဲများ၊ ငွေစုငွေချေးကိစ္စရပ်များကို ကောက်ယူခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအချိန်တွင် သတင်းအချက်အလက်များကို စာရင်းသွင်းနေဆဲဖြစ်သည်ဟု ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်း မှ ဥက္ကဌ ကိုကျော်ဝဏ္ဏအောင်က ပြောပါသည်။

ရှမ်း၊ ကယားနယ်စပ်ရှိ မိုးဗြဲကျေးရွာအုပ်စုအတွင်းတွင်လည်း တောင်သူလယ်ဧကပေါင်း ၃၀ဝ ကျော်မှာ ပုံစံ(၇)မရှိသေးခြင်းကြောင့် ပုံစံ(၇)များ ထပ်မံ လျှောက်ထားနိုင်ရေး တောင်သူများကို စီစဉ်ပေးရန် လိုအပ်သည်ဟု မိုးဗြဲတောင်သူကွန်ယက်အဖွဲ့မှ ကိုဌေးဝင်းက ပြောပါသည်။

“ပုံစံ(၇)မရသေးတဲ့ တောင်သူတွေကို အဓိက လယ်ကို တိုက်တွန်းဖို့ ပုံစံ(၇)မရသေးတဲ့ လယ်တွေကိုကောက်ပြီးတော့မှ ဌာနဆိုင်ရာနဲ့လွှတ်တော်နဲ့ တောင်သူနဲ့ CSOs အဖွဲ့နဲ့တွေ့ပြီးတော့ ဒါကိုလုပ်ပေးဖို့ ပုံစံ(၇)မရသေးတာ ဒီလောက် ဧက ဒီလောက်ရှိပါတယ်။ ကျနော်တို့ မိုးဗြဲကျေးရွာအုပ်စုမှာ ဒီလောက်ကျန်ပါတယ်ဆိုပြီးတော့မှ ဒါကိုလုပ်ပေးဖို့ တိုက်တွန်းမှု ပွဲတစ်ပွဲလုပ်ပါမယ်။”ဟု မိုးဗြဲတောင်သူကွန်ယက်မှ ကိုဌေးဝင်းက ပြောပါသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေအရ ပြီးခဲ့သည့် မတ်လအထိ ပုံစံ(၇)မရှိသည့် တောင်သူများလျှောက်ထားရန် အချိန်ပေးခဲ့သော်လည်း လက်တွေ့တွင် တောင်သူအများစု သတင်းအချက်အလက်မသိရှိခြင်းနှင့် ရွှေ့ပြောင်းတောင်ယာပြုလုပ်ခြင်းတို့ကြောင့် ပုံစံ(၇)များ မရှိကြပေ။

ထိုကဲ့သို့ ပုံစံ(၇)မရှိသည့် တောင်သူများကို စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ မထုတ်ပေးနိုင်သည့်အတွက် ယခုလို ပုံစံ(၇)မရှိသေးသည့်သူများ ငွေထုတ်ချေးနိုင်ရေး ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းသွားနိုင်ရေးအတွက် ကယားပြည်နယ်လွှတ်တော်မှ အဆိုတင်သွင်းနိုင်ရန် သုတေသနများ စတင်စီစဉ်နေခြင်းဖြစ်သည်။

spot_img
spot_img

Recent posts