HomeKT FMKT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ (၂ ) ရက်၊ ၂၀၂၆ ခုနှစ်(ကြာသပတေးနေ့)

KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ (၂ ) ရက်၊ ၂၀၂၆ ခုနှစ်(ကြာသပတေးနေ့)

-

KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ (၂ ) ရက်၊ ၂၀၂၆ ခုနှစ်(ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေးငယ် နှစ်ဦးအပါအဝင် လူထု ၃ ဦးသေဆုံးခဲ့
– ဖရူဆိုအရှေ့ခြမ်းမှာ တောင်ယာအပြန် လက်နက်ကြီးထိမှန်ပြီး စစ်ဘေးရှောင်အမျိုးသမီးတဦး ဒဏ်ရာရ
– လုံခြုံရေးအခြေအနေအရ နန်းမယ်ခုံ၊ လွယ်ဝိုင်းလွယ်ယင်းတောင်ခြေနဲ့ ခေါင်းစံလမ်းကို မသွားလာကြဖို့ မိုးဗြဲ PDF အသိပေး
– ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတနေရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်
– လွိုင်နန်းဖရေထိန်းတမံ ပြန်လည်ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး သစ်ပင်ခုတ်ယူခြင်းမပြုလုပ်ဖို့ အပါဝင် စည်းကမ်းချက် (၁၀)ချက် သတ်မှတ် ဆိုတဲ့ သတင်းနဲ့အတူ  “မိုးရေနှင့်အတူ ရောက်လာတဲ့ စစ်ရှောင်စခန်း၏ စိန်ခေါ်မှုများ”ဆိုတဲ့ ဆောင်းပါးနဲ့အတူ မိုးလေးဝသ သတင်း၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါတဝီ ဈေးတန်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ  အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ