spot_img
Homeသတင်းစစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ တစ်လအတွင်း အရပ်သား ၁၀ ဦးသေဆုံးခဲ့

စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ တစ်လအတွင်း အရပ်သား ၁၀ ဦးသေဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ဇွန်လ တစ်လအတွင်း အရပ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ သေဆုံးမှု စာရင်းဟာ ကန္တာရဝတီတိုင်း(မ်)သတင်းဌာနရဲ့ လက်လှမ်းမီ စာရင်းတွေသာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သား ၁၀ ဦးဟာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်ကာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး၊ ဇွန်လ ၂၅ ရက်နေ့က မော်ချီးမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၈ဦး နဲ့ ဇွန်လ ၂၉ ရက်နေ့က မိုးဗြဲမြို့မှာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က မော်ချီးဒေသအတွင်း သေဆုံးမှုစာရင်းဟာ ၇ ဦးရှိကြောင်း သတင်းမှာ ဖော်ပြခဲ့ပေမဲ့ ဒဏ်ရာရရှိသူထဲ နောက်ထပ် တစ်ဦး ထပ်မံ သေဆုံးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဆရာဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ထိခိုက်သူတွေထဲက နောက်ထပ်ဆုံးတယ်ဆိုတဲ့ သတင်းတော့ကြားထားတယ်။ နောက်ထပ်တစ်ယောက်ထပ်သေတယ်။ အမျိုးသား ပဲပေါ့နော်။ ”လို့ ဆရာဗညားက ဆိုပါတယ်။

ကရင်နီမှာ ၂၀၂၅ ခုနှစ် ၆ လသာအတွင်း အရပ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဇွန်လ တစ်လအတွင်း အရပ်သားသေဆုံးသူ ၆၈ ဦးရှိခဲ့တယ်လို့ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ