spot_img
Homeသတင်းအလုပ်လုပ်ခွင့်ရ မြန်မာဒုက္ခသည်တွေကို သက်သေခံကဒ်ပြား ထုတ်ပေးမည်

အလုပ်လုပ်ခွင့်ရ မြန်မာဒုက္ခသည်တွေကို သက်သေခံကဒ်ပြား ထုတ်ပေးမည်

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်အလုပ်လုပ်ခွင့်ရတဲ့ နယ်စပ်က မြန်မာဒုက္ခသည်တွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကဒ်ပြားတွေ ထုတ်ပေးသွားမယ်လို့ ထိုင်းနိုင်ငံရဲ့ သန်းခေါင်စာရင်း စီမံခန့်ခွဲမှု ဗဟိုဌာနက ထုတ်ပြန်ပါတယ်။

သက်သေခံကဒ်ပြား ပြုလုပ်ပေးဖို့ကို UNHCR က ငွေကြေးပံ့ပိုးထားပြီး သက်သေခံကဒ်ပြားတွေ ထုတ်ပေးနိုင်ဖို့ ရှေ့ဆက်လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောထားပါတယ်။

“အထက်ကတော့ ခွင့်ပြုချက် ကျလာပြီ။ ဒါပေမဲ့ အောက်ခြေဖက်ကတော့ သူတို့ပြောတာက အပြင်ထွက် အလုပ်လုပ်တဲ့သူတွေကိုပဲ လုပ်ပေးမယ်။ ကဒ်လေးတစ်ခု ရမယ်။ အဲဒီကဒ်က အမှန်တကယ် အထက်ကနေ ကျလာတာက အသက် ၅ နှစ်ကနေ အသက် ၇၀ အထိကို အဲဒီကဒ်လေးတွေ ထုတ်ပေးရမှာပေါ့နော။ ဒါပေမဲ့ ဒီအောက်ခြေကတော့ ပထမဦးဆုံး အပြင်ထွက်အလုပ်လုပ်တဲ့သူကိုပဲ လုပ်ပေးမယ်။ များလာမှပဲ အဲဒီအပြင်ထွက် အလုပ်လုပ်တဲ့သူတွေနဲ့ မိသားစုတွေကို လုပ်ပေးမယ်ပေါ့နော်” လို့ ကရင်နီဒုက္ခသည်စခန်းကော်မတီဝင် တစ်ဦးက ပြောပါတယ်။

အခုထုတ်ပေးမဲ့ သက်သေခံကဒ်ပြားတွေက ထိုင်းနိုင်ငံသားမဟုတ်ကြောင်း အထောက်အထားပြတဲ့ ကဒ်ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။ တစ်နည်းအားဖြင့် ဒီကဒ်ရဲ့ လုပ်ဆောင်ချက်က မြန်မာရွေ့ပြောင်းအလုပ်သမားတွေ လုပ်ကြတဲ့ ပန်းရောင်ကဒ်လိုမျိုး နိုင်ငံသားမဟုတ်ကြောင်းသက်သေခံကဒ်လို ပုံစံတူဖြစ်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် သက်သေခံကဒ်ပြားကိုင်‌ဆောင်ထားတဲ့ မြန်မာဒုက္ခသည်တွေက ထိုင်းနိုင်ငံအတွင်း ကလေး မွေးဖွားခဲ့ရင် အစိုးရရဲ့မူဝါဒအတိုင်း ထိုင်းနိုင်ငံသားဖြစ်လာနိုင်တယ်လို့လည်း ကရင်နီ ဒုက္ခသည်စခန်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလကစပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်း (၉) ခုထဲက ဒုက္ခသည် ၄၂,၀၀၀ ကျော်ကိုတရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုထားတာပါ။ ဒုက္ခသည်စခန်းက အလုပ်သမားတွေဟာ ကြက်မောက်၊ နာနတ်၊ ပီလောပီနံ၊ လိမ္မော် စတဲ့ ရာသီပေါ် ဥယျာဉ်ခြံလုပ်ငန်းတွေမှာ အဓိက သွားရောက်အလုပ်လုပ်ကိုင်ကြတယ်လို့လည်း မြန်မာရွေ့ပြောင်းအလုပ်သမားတွေအကြောင်း သတင်းတင်ပြနေတဲ့ Migrant Times က ဖော်ပြထားပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ