spot_img
14.2 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမှာ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေ နည်းပါးလာတာကြောင့် တနိုင်တပိုင် ရှာဖွေရောင်းချသူတွေ အခက်တွေ့

ဖရူဆိုမှာ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေ နည်းပါးလာတာကြောင့် တနိုင်တပိုင် ရှာဖွေရောင်းချသူတွေ အခက်တွေ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်မှာ သစ်ဂျပိုးခေါက်၊ ဥပါသကာ၊ စန္ဒကူးခေါက် နဲ့ ဆေးပုလဲမြစ် စတဲ့ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေ ရှားပါးလာတာကြောင့် တနိုင်တပိုင် ရှာဖွေရောင်းချနေတဲ့ ဒေသခံတွေ အခက်တွေ့နေကြပါတယ်။

“ဘာလို့ ရှားလာလဲဆိုတော့ ဝယ်ယူသူတွေက သူတို့ ရေရှည်လုပ်စားချင်ရင် အမြစ်ပါမတူးခိုင်းရဘူးလေး။ အမြစ်ပါ တူးခိုင်းတော့ အပင်တွေက မပေါက်တော့ဘူးပေါ့။”လို့ ဆေးမြစ်တွေကို ရှာဖွေရောင်းချသူ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ဆေးမြစ်တွေဟာ ဖရူဆိုမြို့နယ် ဟိုယာနဲ့ ကေကော ဒေသဘက်က ထွက်ရှိပြီး ဒေသခံတွေက တနိုင်တပိုင် ခုတ်ယူရောင်းချနေကြတာပါ။
ဆေးမြစ်တွေကို တိုင်းရင်းဆေးဖော်စပ်ရာမှာ အသုံးပြုကြပြီး ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ် ဘက်ကို ပို့ဆောင်ရောင်းချကြတာပါ။

“ဆေးပုလဲမြစ်မှာလည်း အဓိက မဟာဖြေဆေး၊ တိုင်းရင်းဆေးတွေဖော်တာပေါ့။ ပြီးတော့ စန္ဒကူး ခေါက်ပေါ့ စန္ဒကူး ခေါက်လည်း တိုင်းရင်းဆေး အတွက်ပဲပေါ့နော။”လို့ ဆေးမြစ်တွေကို ဝယ်ယူစုဆောင်းသူတစ်ဦး က ပြောပါတယ်။

လက်ရှိစျေးကွက်အရ သစ်ဂျပိုးခေါက် (အခြောက်)က တစ်ပိဿာကို ၇၀၀၀ ကျပ်၊ ဥပါသကာ (အခြောက်) ၅၀၀၀ ကျပ်၊ စန္ဒကူးခေါက်(အခြောက်) ၁၄၀၀၀ ကျပ်၊ ဆေးပုလဲမြစ်(အခြောက်) တစ်ပိဿာ ၈၀၀၀ ကျပ် အသီးသီး စျေး ရရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ