spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာလ (၁၅) ရက်နေ့၊ မနက် (၉) နာရီခွဲဝန်းကျင်မှာ လေယာဉ်နှစ်စီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေယာဉ်နှစ်စီးက တစီးလျှင် ဗုံး (၄) လုံးစီ၊ စုစုပေါင်း ဗုံး (၈) လုံးခန့် ကြဲချခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“လေယာဉ်က မနက် ၉ နာရီခွဲက ဝဲတာ၊ ဝဲပြီး ကြဲချတယ်ပေါ့။ လေယာဉ်က နှစ်စီး။ တစီးကို လေးလုံး၊ နှစ်စီးဆိုတော့ ရှစ်လုံးဖြစ်မယ်။”လို့ သူက ပြောပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် အာဏာသိမ်းစစ်တပ် အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ ၅ ကြိမ်ခန့် ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ယမန်နေ့ စက်တင်ဘာလ (၁၄) ရက်နေ့မှာလည်း အာဏာသိမ်းစစ်တပ်က နန်းမယ်ခုံမြို့နယ်က ကျေးရွာတရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအမျိုးသားတဦး ထိမှန်သေဆုံးခဲ့ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ