spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

ဆောင်းပါး

ပြည်သူလူထုတွေ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့အတွက် ကောင်းတဲ့လူ၊ကောင်းတဲ့ခေါင်းဆောင်ကို ရွေးကြပါဆိုလာတဲ့ NLD ကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ပြည်သူလူထုတွေအနေနဲ့ ကျမကိုရွေးချယ်ပါလို့လည်း မပြောချင်ပါဘူး ၊ကျမပါတီကိုမဲထည့်ပေးပါလို့မပြောချင်ပါဘူး။ လင်းတဲ့လမ်းကိုဆက်လျှောက်လှမ်းနိုင်ဖို့အတွက် ခေါင်းဆောင်ကောင်းကိုရွေးချယ်ပြီး မဲထည့်ကြပါလို့ ဆိုလာတဲ့သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဖရူဆိုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ်ကြူကြူအောင်ပဲဖြစ်ပါတယ်။ “ ဒီအချိန်မှာ နိုင်ငံရေးအရေးကြီးတယ်နော်။ ဒီအချိန်မှာ လင်းတဲ့အချိန်မှာကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးနဲ့လုပ်နေရတယ်၊ အေးဆေးစားနေရတယ်၊ အေးဆေးသွားနေရတဲ့အချိန်မှာ ဒီဟာကို နင်တို့အလေးမထားဘူးဆိုရင်အမှောင်ပြန်ကျမှာစိုးလို့ အဲ့ဒါကြောင့်မလို့ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့ဆိုရင်ဝိုင်းဝန်းကူညီပေးကြပါ။ ကိုယ့်ပါတီကိုပဲမပြောပါဘူး၊ ကိုယ့်ကိုပဲမပြောပါဘူး။ ခေါင်းဆောင်ကောင်းကိုရွေးထည့်ကြပါ။” လို့ သူမကပြောပါတယ်။ ဒေါ်ကြူကြူအောင်ကတော့၂၀၁၅ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပတဲ့အချိန်ကတည်းက သူမအနေနဲ့ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ဆန္ဒပြင်းပြခဲ့သူပါ။ သို့ပေမယ့်မိသားစုအခက်အခဲတွေကြောင့်...

ပြည်နယ်မှာ NLD စတင်ဖွဲ့စည်းခဲ့ချိန်မှာပါဝင်ခဲ့ဖူးတဲ့ ၂၀၂၀ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ၂၀၁၂ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုကယားပြည်နယ်မှာလာရောက်တည်ထောင်ခဲ့ချိန်ပါဝင်တည်ထောင်ပေးခဲ့သူ၊ တည်ထောင်ပြီးနောက်မှာကယားပြည်နယ်(NLD) ပါတီရဲ့ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တဲ့ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာနေတဲ့ဦးစိုင်းအုန်းမြင့်ကလာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှာရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ “ NLDကိုကျနော်တို့လူမျိုးစုကနေ ကျနော်တို့ဖွဲ့စည်းတာ။ ဒီကယားပြည်နယ်တစ် ပြည်နယ်လုံးမှာပေါ့နော်။အဲ့ဒီNLD ပါတီကို ပထမဆုံး ကျနော်တို့ထူထောင်တာ။” လို့ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ရတာက ပြည်နယ်အခြေစိုက်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ပြည်မကပါတီကြီးတွေရဲ့လုပ်ပိုင်ခွင့်ကမတူညီတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ “ ဘာကြောင့်ပြည်နယ်ပါတီကို ကိုယ်ကစိတ်ဝင်စားသွားသလဲဆိုတော့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ အခုပြည်မကပါတီကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကမတူဘူး။ မတူဘူးဆိုတာက ဖက်ဒရယ်ပြည်ထောင်စုကိုကျနော်တို့ တည်ဆောက်ချင်တယ်။” ဦးစိုင်းအုန်းမြင့်က ရှမ်းတိုင်းရင်းသားလူမျိုးဖြစ်ပြီး မိသားစု(၅)ယောက်ရှိပါတယ်။ လက်ရှိမှာမိသားစုစားဝတ်နေရေးအတွက် အိမ်မှာစားသောက်ဆိုင်ဖွင့်လှစ်ထားပြီး၊...

ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမည့် NLD အမတ် ဒေါ်ရှားမူ

ကရင်နီသူ NLD မှ အမျိုးသမီးအမတ် ဒေါ်ရှားမူအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ပြန်လည်မရွေးချယ်တော့တဲ့အတွက် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို ကိုယ်စားပြုပြီးတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လို့ ၂၀၂၀...

ဟိုယာဒေသရဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်

ခွန်းကလိုင်းဖရီး၊ စိုးထိုက်အောင် ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ဟိုယာဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေက ငြိမ်းချမ်းရေးကို မခံစားကြသေးသလို ဖွံ့ဖြိုးမှုနောက်ကျတာနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ပြောဆိုနေကြပါတယ်။ သူတို့တွေကတော့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်မှာ ဒေသတွင်း ပြောင်းအလဲတွေဖြစ်ပေါ် လာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဖရူဆိုမြို့နယ်၊ ခါးဘယ်ကျေးရွာမှာ နေထိုင်တဲ့ ဦးဒွန်းအီက “ဒီဒေသမှာ မဖွံ့ဖြိုးသေးတာ လမ်း၊ မီး၊ ရေ စသဖြင့် အဓိက ဒီအချက်အလက်တွေကို မဖွံ့ဖြိုးသေးဘူး။ အားနည်းချက်အများကြီးရှိတယ်။...

ပြည်သူဘက်ကနေရပ်တည်ပြီး နှစ်သိမ့်အားပေးမည့်သူတွေကို မျှော်လင့်နေကြတဲ့ဒေသ

စိုးထိုက်အောင်၊ အန်ထောနီ ရှားတောမြို့နယ် တောင်ပိုင်းမှာတည်ရှိနေတဲ့ ဒေါဝယ်ရော ကျေးရွာလေးကို သွားရောက်ခဲ့မယ်ဆိုရင် အရင်ဆုံးမြင်တွေ့ရမှာကတော့ ဝါးတွေနဲ့တည်ဆောက်ထားတဲ့ ဝါးထရံအိမ်လေးတွေပဲဖြစ်ပါတယ်။ ကျေးရွာအတွင်းမှာ ကယားတိုင်းရင်းသားလူမျိုးစုတွေသာနေထိုင်ကြတာဖြစ်ပါတယ်။ ဒေါဝယ်ရောကျေးရွာမှာနေထိုင်ကြတဲ့ ကယားလူမျိုးတွေက တောင်ယာစပါး၊ ပြောင်း တွေကိုအဓိက စိုက်ပျိုးစားသောက်ကြတာဖြစ်ပြီး ကျွဲ၊ နွား၊ ဝက်တွေကိုလည်း ကျေးရွာရဲ့အိမ်တိုင်းနီးပါး မွေးမြူကြပါတယ်။ ၁၉၉၅-၉၆ခုနှစ်တွေမှာ မြန်မာစစ်တပ်တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ရှားတောမြို့နယ်က ရွာတော်တော်များများက စစ်ပွဲရဲ့ ကောက်ရိုးမျှင်တစ်စဖြစ်ခဲ့ရပါတယ်။ ရွာကိုမီးရှို့ခံရပြီး...

ငြိမ်းချမ်းရေလုပ်ငန်းစဉ်ဖော်ဆောင်သွားလိုတဲ့ လူငယ်အမျိုးသမီး ကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ မော်မိုးမြာက ပြည်နယ်အေးချမ်းဖို့နဲ့ လူထုတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့အတွက်က သူမရဲ့ ဟစ်ကြွေးသံပါ။ “ ငြိမ်းချမ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပါဝင်နိုင်ဖို့ ကျမအနေနဲ့ အရမ်းကို အာသီသ ပြင်းလှပါတယ်။ ကျမကို ကြိုးစားခွင့်ပေးပါ” လို့လည်း လူထုတွေကို တောင်းဆိုထားပါတယ်။ “အမရဲ့ရည်ရွယ်ချက်က ဒီလူငယ်၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက်ပေါ့နော်။ ပြီးတော့ ကဏ္ဍပေါင်းစုံပါဝင်နိုင်ဖို့အတွက် ဒီရွေးကောက်ပွဲကို ဝင်ရောက်အရွေးချယ်ခံရခြင်းဖြစ်ပါတယ်။”...

Popular