spot_imgspot_imgspot_imgspot_img
20.4 C
Loikaw
Wednesday 1, October 2025
spot_imgspot_imgspot_imgspot_img
Homeမြေယာပြဿနာမြေယာအရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဘယ်လိုပြောဆိုကြပါသလဲ။

မြေယာအရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဘယ်လိုပြောဆိုကြပါသလဲ။

-

လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်၁၉ကာလအတွင်းမှာ ပြည်နယ်အစိုးရအနေနဲ့ မြေယာနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုတွေ လုပ်ဆောင်နေတဲ့အပေါ်မှာ ပြည်နယ်အတွင်းမှာရှိတဲ့မြေယာအရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဘယ်လိုပြောဆိုကြပါသလဲ။

စောအယ်စေး (Kayah Earthrights Action Network)

စောအယ်စေး (Kayah Earthrights Action Network)

လက်ရှိ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ပေါ့နော ကပ်ရောဂါဖြစ်နေတဲ့ကာလမှာတော့ အမှန်တကယ်အစိုးရအနေနဲ့ လူထုကိုအမှန်တကယ် ဒီရောဂါမဖြစ်ဖို့ကနေ အဓိက ကာကွယ်ပေးဖို့ ကူညီပေးဖို့သွားရမှာဖြစ်တယ်။ ဒါပေမယ့် အဲဒါမဟုတ်ဘဲနဲ့ အခြားသော ယန္တရားကိုအသုံးပြုပြီးတော့ ဥပမာ-မြေယာယန္တရားတွေကိုအသုံးပြုပြီးတော့ သူတို့ရဲ့ဥပေဒေအောက်ကနေရှိတဲ့ အရေးယူတဲ့ကိစ္စတွေ နောက်တစ်ခုကတော့ ကျတော်တို့မြေလာယူတဲ့ကိစ္စတွေကို မြေလာလျှောက်တဲ့အပေါ်မှာ ခွင့်ပြုဖို့ကိစ္စတွေ လုပ်ဆောင်မှုကိစ္စတွေကို သူကခွင့်ပြုတဲ့အပေါ်မှာ အမှန်တကယ်မလုပ်သင့်တဲ့အရာတစ်ခုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ တစ်ကမ္ဘာလုံးကော လူထုတွေအားလုံးကော ဒီကပ်ရောဂါအတွက်စိုးရိမ်နေတဲ့အချိန်မှာ ဒါကိုလျစ်လျူရှုပြီးတော့ အုပ်ချုပ်သူတစ်စု လူတစ်စုရဲ့အကျိုးစီးပွားအတွက်ကို ဒီရောဂါကိုအခွင့်အရေးတစ်ခုလိုအသုံးပြုပြီးတော့လား ပြီးတော့ အခွင့်အရေးယူခြင်းဖြစ်တဲ့အတွက် ဒါကလုံးဝမလုပ်သင့်တဲ့ကိစ္စတစ်ခုပဲဖြစ်တယ်

ခွန်းအန်းဂျေလို (MATA၊ ကယား(ကရင်နီ)ပြည်နယ်တာဝန်ခံ)

ခွန်းအန်းဂျေလို (MATA၊ ကယား(ကရင်နီ)ပြည်နယ်တာဝန်ခံ)

ကိုဗစ်ကာလမှာ မြေယာနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေ အဲဒီမတိုင်ခင်ကတည်းက ကျတော်တို့ကပြောထားပြီးသား ကရင်နီပြည်မြေယာမူဝါဒဆိုတာရှိထားတယ် ကျတော်တို့ရေးဆွဲထားတယ် အဲဒီအပေါ်မှာ နည်းနည်းမှီငြမ်းပြီးတော့မှ မြေယာစီမံခန့်ခွဲမှုလုပ်ဖို့သင့်တယ်။ ဘာဖြစ် ကရင်နီပြည်နယ်မှာ မြေယာက မြေလွတ်မြေလပ်မြေရိုင်းဆိုတာ မရှိပါဘူး။ မြေကို စီမံခန့်ခွဲမှုပြုလုပ်ခါနီးက ဒေသခံလူထုနဲ့တွေ့ဆုံဖို့သင့်ပါတယ်

ကိုဒီးဒီ (ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ)

ကိုဒီးဒီ (ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ)

ရင်းနှီးမြှုပ်နှံမှုတွေကို လုံးဝ မပေးလာစေချင်ဘူး။ နောက်တစ်ခုက ကိုဗစ်ဖြစ်တော့ သွားလာကူးလူးဆက်ဆံရတဲ့နေရာမှာပေါ့နော အခက်အခဲရှိတဲ့အတွက် ဒီအခက်အခဲတွေပြေလည်အောင် ဘာပံ့ပိုးနိုင်မလဲပေါ့နော ငွေကြေးအရသော်လည်းကောင်း ဥပဒေအရသော်လည်းကောင်း နည်းပညာအရသော်လည်းကောင်းပေါ့နော အဲဒါတွေကို ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားရမယ် လုပ်ပေးရမယ် ဒါအစိုးရရဲ့တာဝန်ဖြစ်တယ်ပေါ့နော။ ဆိုတော့ မြေယာပြဿာနာတွေကို ခုလိုအချိန်မှာဖြစ်တယ် ဖြစ်ပေါ်လာတယ်ဆိုတာက ဒါသက်သက်မဲ့မဲ့ အခွင့်အရေးယူတာပေါ့နော ဒုက္ခရောက်နေတဲ့အချိန်မှာ သက်သက်အခွင့်အရေးယူတယ်လို့ပဲပြောချင်ပါတယ်

ကိုကျော်ထင်အောင် (LAIN နည်းပညာအထောက်အကူပြုအဖွဲ့၊ ဘုတ်ဥက္ကဌ)

ကိုကျော်ထင်အောင် (LAIN နည်းပညာအထောက်အကူပြုအဖွဲ့၊ ဘုတ်ဥက္ကဌ)

ကိုဗစ်ကာလမှာကို မြေနဲ့ပတ်သက်တဲ့ ကဏ္ဍရပ်တွေ ယာယီရပ်ဆိုင်းထားတာမျိူးကို လိုလားပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ လူထုတွေရဲ့လိုလားချက်တွေ တောင်းဆိုချက်တွေကို ဘားမှလုပ်ရှားလို့မရအောင် ဒေသန္တရအမိန့်တွေနဲ့လုပ်ထားသလို လူစုလူဝေးလိုကဏ္ဍလိုဟာမျိူးကလည်း စုဝေးတိုင်ပင်မှုတွေ ညှိနှိုင်းမှုတွေဆွေးနွေးမှုတွေကိုလုပ်ဆောင်လို့မရတဲ့ကာလမှာ တည်ဆဲဥပဒေတွေကို လုပ်ပိုင်ခွင့်တွေကိုအသုံးချပြီးတော့မှ ဒီမြေတွေကို စီမံခန့်ခွဲသွားမယ်ဆိုရင်တော့ ကိုဗစ်အလွန်မှာ ပြဿနာကြီးကြီးမားမားကြုံတွေ့ရမယ့် အနေအထားမျိုးတွေဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့ ကျတော့်အနေနဲ့ကတော့ ဒီကိုဗစ်ကာလမှာကတော့ မြေနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကိုရပ်ဆိုင်းထားပြီးတော့ မြေပေးတာတွေ ဒီလိုဒဏ်ရိုက်တာတွေ ပုံစံ(၇)မှာ အခြားနည်းအသုံးပြုခွင့်မလျှောက်ထားဘဲနဲ့ တဲအိမ်တွေ နေအိမ်တွေဆောက်လုပ်မှုတွေကို အရေးယူတာမျိူး ဒဏ်ငွေရိုက်နေတာမျိုးတွေကိုတော့ လုံးဝရပ်နားသင့်တယ် ယာယီရပ်ဆိုင်းပြီး ကိုဗစ်အလွန်မှသာ ပွင့်လင်းမြင်သာစွာနဲ့လုပ်ဆောင်ပေးမှသာလျှင် ကျတော်တို့ပြည်နယ်မှာက တည်ငြိမ်အေးချမ်းမှုတစ်ခု မြေနဲ့ပတ်သက်လို့အရှုပ်အရှင်းကင်းမှုနဲ့အသံမထွက်ဖို့ ဖြစ်လိမ့်မယ်ပေါ့နော

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ