spot_imgspot_imgspot_imgspot_img
20.4 C
Loikaw
Wednesday 1, October 2025
spot_imgspot_imgspot_imgspot_img
Homeနိုင်ငံရေးပါတီများကယန်းအမျိုးသားပါတီကယန်းအမျိုးသားပါတီ (KNP) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

ကယန်းအမျိုးသားပါတီ (KNP) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

-

နော်ဒွေးအယ်ခူ

ကယန်းအမျိုးသားပါတီ (KNP) ပါတီအနေနဲ့ မူဝါဒ ၁၃ ချက်ချမှတ်ထားပြီး ရှေရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနေတိုင်းရင်းသားတို့ရဲ့ အခွင့်အရေး၊ ရွေ့ပြောင်းအလုပ်သမားအရေး စတဲ့အချက်တွေ ချမှတ်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပါတီတခုဖြစ်ပါတယ်။

အဆိုပါ ပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က တရားဝင်တည်ထောင်ခွင့်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့ရှိ မဲဆန္ဒနယ်နှစ်ခုတွင် အနိုင်ရရှိခဲ့ဖူးပါတယ်။

ပါတီအနေနဲ့ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီးတွေကို ယှဉ်ပြိုင်နိုင်ဖို့ ကယားပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ ကယားပြည်ဒီမိုကရက်တစ်ပါတီနှင့် မဟာမိတ်ဖွဲ့ထားပြီး ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာအနက် ပြည်နယ်အတွင်းမှာ ၄ နေရာ ပြိုင်သွားမှာဖြစ်ပါတယ်။

မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာတွေမှာ တစ်ဦးစီ၊ ဒီမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာတွေမှာ တစ်ဦးစီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

တခြား ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မဲဆန္ဒနယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာတွေမှာ တစ်ဦးစီ၊ ကယန်းလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ တစ်ဦးနှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာ တစ်ဦး စုစုပေါင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

အဆိုပါပါတီအနေနဲ့၂၀၂၀ ရွေးကောက်ပွဲဆောင်းပုဒ်အဖြစ် “တန်းတူရေးမှ ဖက်ဒရယ်ဆီ” ဆိုပြီး မြန်မာနိုင်ငံမှာ ကယန်းတိုင်းရင်းသားတွေက လူနည်းစုတစ်ခုဖြစ်ပေမယ့်လည်း တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရရှိဖို့ ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဆောင်းပုဒ်ပေးထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။

၎င်းတို့အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ပါက ကယန်းဒေသအပါအဝင် ကရင်နီပြည်အတွင်းရှိ လူထုတွေရဲ့ စားဝတ်နေရေး ပိုမိုပြေလည်စေဖို့အတွက် တောင်သူတွေရဲ့ သီးနှံဈေးကွက်၊ ကျေးလက်လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ ဦးစားပေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိကဝတ်ပြုထားပါတယ်။
ယခုအခါ ကယန်းအမျိုးသားပါတီအနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်မှုပြင်းထန်နေပြီး NLD၊ USDP အစရှိသည့် ပါတီကြီးများရှိ ကိုယ်စားလှယ်လောင်းများထက် အတွေ့အကြုံနှင့် လေ့လာမှုအပိုင်းတွင် အားသာသည်ဟုဆိုကာ ကိုယ်စားလှယ်လောင်း ၁၀ ဦးအနက် ရှစ်ဦးအထိ အနိုင်ရမယ်လို့ ယုံကြည်ထားကြပါတယ်။

ကယန်းအမျိုးသားပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုအပေါ် မဖြစ်သင့်ဟုယူဆထားပြီး တပ်မတော်က လုံခြုံရေးဆိုင်ရာကဏ္ဍတွေသာ တာဝန်ယူရမှာဖြစ်ကြောင်း ကျန်သည့်အုပ်ချုပ်ရေးအပိုင်းကဏ္ဍတွေမှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်အတွက် ရပ်တည်ပေးရန် တောင်းဆိုနေတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ