spot_imgspot_imgspot_imgspot_img
20.4 C
Loikaw
Wednesday 1, October 2025
spot_imgspot_imgspot_imgspot_img
Homeနိုင်ငံရေးပါတီများကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

-

နော်ဒွေးအယ်ခူ


ရွေးကောက်ပွဲမှာ NLD အား အဓိကပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်သွားမယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ဥက္ကဌ ဦးဖိုးရယ်ကပြောပါတယ်။

KySDP ဟာဆိုရင် ကယားပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ကယားပြည်နယ် မြို့နယ်ခုနစ်မြို့နယ်ရှိ မဲဆန္ဒနယ် ၃၄ မှာ နေရာ ၃၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁ နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၆နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ ဗမာတိုင်းရင်းသားဝန်ကြီး တစ်နေရာ စုစုပေါင်း မဲဆန္ဒနယ် ၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

KySDP ရဲ့ ကိုယ်စားလှယ်လောင်း အနိမ့်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်းဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဒေသအခြေစိုက်ပါတီဖြစ်ကြတဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ANDP)၊ ကယားလူမျိုးစု ဒီမိုကရက်တစ်ပါတီ (KPDP)တို့ကနေ ပြန်လည်ဖွဲ့စည်းထားလိုက်တဲ့ပါတီတစ်ခုဖြစ်ပါတယ်။

ယင်း KySDP အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် အဓိကမူအဖြစ်ချမှတ်ထားပြီး ရွေးကောက်ပွဲဆောင်းပုဒ်အနေနဲ့ “ဖက်ဒရယ်မျှော်ရည် ရွှေဖားစည်၊ ဖားစည်မည်မှ ပြည်သာမည်၊ ဖက်ဒရယ်စနစ် ဖော်ဆောင်ဖို့ ရွှေဖားစည်ကိုမဲပေးစို့” လို့ဆိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရရှိမယ်ဆိုရင် ပြည်နယ်မှာ အဓိကရင်ဆိုင်နေရတဲ့ မြေယာပြဿနာတွေ ၊ တိုင်းရင်းသားဒေသနှင့် ကိုက်ညီမှုမရှိတဲ့ ၂၀၁၂ လယ်ယာမြေဥပဒေတွေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်ခြင်းများအပြင် အမျိုးသမီးကဏ္ဍ၊ လူ ငယ်ကဏ္ဍ၊ လူမှုရေးကဏ္ဍတွေ ငြိမ်းချမ်းရေးဖြစ်လမ်းစဉ်တွေ၊ ပြည်နယ်အကျိုးပြု အစိုးရဖြစ်စေဖို့ ထိန်းကျောင်ဖို့တွေ ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့လို့ ဥက္ကဌ ဦးဖိုးရယ်က ကတိပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ကနေ ( ၂၆ ) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) မှ ( ၇ ) နေရာနှင့် တစ်သီးပုဂ္ဂလ ( ၁ ) နေရာတို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ