spot_imgspot_imgspot_imgspot_img
20.4 C
Loikaw
Wednesday 1, October 2025
spot_imgspot_imgspot_imgspot_img
Homeကန္တာရဝတီတိုင်း(မ်)သတင်းအမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူတွင်းပစ်ချသေဆုံးမှုဖြစ်ပွား

အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူတွင်းပစ်ချသေဆုံးမှုဖြစ်ပွား

-

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု၊ ပတိုငံကျေးရွာရှိ နေအိမ်တစ်အိမ်မှာ စကားများရန်ဖြစ်ရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူအတွင်းပစ်ချသေဆုံးမှုဖြစ်ပွားခဲ့တယ် ဒီးမော့ဆိုမြို့မ ရဲစခန်းမှတ်တမ်းအရသိရပါတယ်။

သေဆုံးသူ အမျိုးသား ဦး………………..ကို နေအိမ်ပေါ်မှ ဆွဲခေါ်ပြီး ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့ပြီး ရွာအနောက်ဖက်သို့ ဆွဲခေါ်လာစဉ် လမ်းမှာ သေဆုံးသွားတဲ့အတွက် ရွာ၏အနောက်ဖက် ၂မိုင်ခန့်အကွာ တောင်ခြေရှိ ဂူအတွင်းပစ်ချခဲ့တယ်လို့သိရပါတယ်။

ဒီမော့ဆိုမြို့နယ် ဒီမော့ဆိုကျေးရွာအုပ်စု ခေါက်ပလော့ကျေးရွာနေ သေဆုံးသူရဲ့ သားဖြစ်သူက နိုဝင်ဘာလ ၂၆ရက်နေ့ ယနေ့ နံနက်ပိုင်းမှာ ဒီမော့ဆိုရဲစခန်းကိုရောက်ရှိလာပြီး တိုင်ကြားရာကနေ အခုလို သေဆုံးမှုဖြစ်ပွားတာကို စုံစမ်းသိရှိခဲ့ရတာဖြစ်ပါတယ်။

ပစ်ချခဲ့ ဂူသို့သွားရောက်ခဲ့ရာ ပြင်ပဒဏ်ရာဖြင့် မျက်ခုံး ဝဲ/ယာ မှာ နှစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းယာဘက်ဂျိုးစောင်းချိုင့်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ဒူးခေါင်း ရိုးကျိုး၊ ဝဲခြေသလုံးစုတ်ပြဲ၊ ယာလက်ဖျံစုတ်ပြဲ၊ မေးရိုး(၂)လက်မခန့် ပေါက်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးသည်ကို တွေ့ရှိရပြီး အလောင်းကို ရဲဆေးစာဖြင့် ဒီးမော့ဆို ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

သက်ဆိုင်ရာကနေ ရိုက်နက်ခဲ့သူတွေကို ခေါ်ယူမေးမြန်းရာမှ ၎င်းတို့က သေဆုံးသူမှာ ပတိုငံကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် လူမှုရေးဖောက်ပြန်တဲ့ ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူရဲ့သားဖြစ်သူက ၎င်းတို့ ၄ ဦးကို ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းထားတယ်လို့သိရပါတယ်။

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ