spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img

မြေပြိုမှုကြောင့် ခါးဘယ်-ကေကော လမ်းမကြီးပျက်စီးပြီး လူထုတွေသွားလာဖို့ခက်ခဲ၊ လမ်းပြုပြင်ရေးလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ မိုးများပြီး မြေပြိုမှုတွေကြောင့် ခါးဘယ်-ကေကော လမ်းမကြီးပျက်စီးသွားပါတယ်။ လက်ရှိမှာ လူထုတွေသွားလာဖို့ခက်ခဲသလို လမ်းပြန်လည်ပြုပြင်ရေးအတွက် လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာတော့ ယာဉ်တွေသွားလာလို့မရပဲ ခြေကျင်ခရီးနဲ့ပဲ သွားလာနေကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“အခြေနေ ကတော့ လတ်တလော သွားလာဖို့ အတွက် လုံးဝ အဆင်မပြေနိုင်တဲ့ အနေအထားပါ။
လူနဲ့ ဆိုရင်ရင် တော့ ခြေကျင် နဲ့ ပဲ သွားလို့ရမှာပါ။ သွားလာရေးဆိုရင် ကားနဲ့ဆိုရင် မဖြစ်နိုင်တော့ဘူး။ လမ်းပြင်ပြီးမှပဲ သွားလို့ရမယ်။ ခြေနဲ့သွားရင် ကိုယ်သွားမယ့် ခရီးရောက်ဖို့က ဘယ်လိုဖြစ်ဖြစ် တစ်ရက် အချိန်ယူပြီးသားပဲ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကတည်းက မိုးများပြီး တောင်ကျရေကြီးရာကနေ မြေပြိုပြီး လမ်းမကြီး စတင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကရင်နီပြည်မှာတော့ နှစ်စဥ်နှစ်တိုင်း မိုးရာသီကာလမှာ အခုလို ကျေးရွာချင်းဆက် လမ်းမအများစု မြေပြိုတာ၊ ရေကြီးတာတွေ ကြောင့် ပျက်စီးတာတွေနဲ့ ရင်ဆိုင်ကြရလေ့ရှိပါတယ်။

အဆိုပါ လမ်းမပျက်စီးမှုတွေ နဲ့ ပတ်သက်ပြီး IEC အနေနဲ့ သီးသန့် ဆောင်ရွက်ပေးတာမျိုးမရှိပေမဲ့ မြို့နယ်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ပြုလုပ် ဆောင်ရွက်ပေးနေတာရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“IEC မှာတော့ စက်ယန္တာရားမရှိဘူးဆိုတာ ပြောပါရစေ။ ဒါပေမဲ့ပျက်စီးနေတဲ့ လမ်းတော်တော်များများကတော့ ပူးပေါင်းပြီးတောမှ မြို့နယ်နဲ့ ပူးပေါင်းပြီးတော့မှ ပြုပြင်တာတွေ ဆောက်လုပ်တာတွေ လုပ်နေပါတယ်။ ၁၀၀ ရာခိုင်နှုန်းကတော့ ဌာနကမလုပ်နိုင်သလို IEC ကလည်း မလုပ်နိုင်သေးဘူးပေါ့နော်။ မြို့နယ်ကလည်း မလုပ်နိုင်သေးဘူး။“ လို့ ဦးဗညားက ဆိုပါတယ်။

လမ်းပျက်စီးမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လူထုတွေရဲ့ လူမူရေး၊ စီးပွားရေး၊ ကျန်းမာရေးအပြင် စစ်ရှောင်အရေးတွေမှာလည်း အများကြီးခက်ခဲ စေနိုင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ ခါးဘယ်-ကေကော လမ်းမကြီးဟာ ဖရူဆိုအနောက်ခြမ်းကနေ အခြားဒေသကို ဆက်သွယ်သွားလာရေးအတွက် အဓိကကျတဲ့ လမ်းမတစ်ခုဖြစ်ပါတယ်။

“အဲ့လမ်းမကြီးက အနောက်ဖက်ခြမ်း အားကိုးရတဲ့ တစ်ခုတည်းသော လမ်းမို့လို့ အနောက်ဖက်ခြမ်း တစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အဲ့လမ်းအပြင် အခြားလမ်းလည်း မရှိပါဘူး၊ သွားလာရေးအတွက်က။ ပြီးတော့ ဘယ်သွားလာကြလည်း ဆိုရင်တော့ ဥပမာ အလုပ်ကိစ္စမျိုးတွေ ၊ စစ်ရှောင်အရေးဖြစ်ဖြစ်ပေါ့။ တစ်ဦးနဲ့ တစ်ဦးတော့ မတူနိုင်တဲ့ ကဏ္ဍ တွေသွားလာကြဖို့လိုတယ်ပေါ့။ ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါလမ်းမကြီးပျက်စီးမှုကို ပြန်လည်ပြုပြင်တာမျိုး မရှိသေးသလို ပြန်လည်ပြုပြင်ဖို့အတွက် ကုန်ကျစရိတ်တွေလည်း များလိမ့်မယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီးနောက်မှာ မြေပြိုတာ၊ လမ်းဘေးမြေအက်ကွဲတာ၊ ကတ္တရာလမ်းကျွံကျတာတွေ ဖြစ်နေပြီး ကားသွားလာလို့ မရတာတွေ ရှိသလို အချို့ ကျေးရွာ တွေမှာလည်း နေအိမ် ရွှေ့ပြောင်း ရတာတွေရှိခဲ့တယ်လို့ ကယောလူငယ်အစည်းအရုံး ဆီကနေ သိရပါတယ်။

spot_img

Recent posts