spot_imgspot_imgspot_imgspot_img
20.4 C
Loikaw
Wednesday 1, October 2025
spot_imgspot_imgspot_imgspot_img
Homeကန္တာရဝတီတိုင်း(မ်)သတင်းမော်ချီးကို စစ်ကော်မရှင်တပ် ထပ်မံဗုံးကြဲ၊ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရ

မော်ချီးကို စစ်ကော်မရှင်တပ် ထပ်မံဗုံးကြဲ၊ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အမျိုးသား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။ ‌

ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ၊ မနက် ၆ နာရီ ၁၀ မိနစ် မှာ မော်ချီးဒေသအတွင်း နေရာသုံးခုကို ၃ကြိမ်ခန့် ဗုံးကြဲသွားခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရစာရင်းဟာ ကနဦး သိရှိထားတဲ့ စာရင်းဖြစ်ပြီး အသက်အရွယ်နဲ့ ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ပြောပါတယ်။

“ဒီနေ့ ၁၉ ရက်နေ့ မနက် ၆ နာရီ ၁၀ မိနစ်မှာ မော်ချီးမှာ လေယာဥ်နဲ့ ထပ်မံဗုံးကြဲခဲ့တယ် ၃နေရာ။ လောလောဆယ်တော့ စာရင်းအရ ၃ဦး ဒဏ်ရာရတယ်။ အမျိုးသားတွေ။ အမျိုးသမီးမပါဘူး။”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

မော်ချီးဒေသအတွင်း နေရာ ၃ခုကို (၃) ကြိမ် ကြဲခဲ့တဲ့အပြင် ခဲမဖြူကျေးရွာ ကိုလည်း မနက် ၇ နာရီမှာ တစ်ကြိမ် ထပ်မံ ကြဲသွားခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မကြာခဏ လေကြောင်းတိုက်ခိုက်ခံရတဲ့ မော်ချီးဒေသက လူထုတွေဟာ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ဒီမနက်ပဲ ထပ်လာကြဲသွားတယ်။ ခု လေယာဉ်ကြဲသွားတဲ့နေရာမှာတော့ အထိခိုက်မသိရဘူး ။ကျနော်တို့လည်း ဘယ်ပြေးလို့ပြေးရမှန်းမသိတော့ဘူးလေ။ ကြဲသွားတဲ့နေရာတွေက ကျနော်တို့နဲ့ နီးတယ် ကြောက်ပဲကြောက်နေရတော့တာပေါ့။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မော်ချီးဒေသမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့က တစ်ရက်အတွင်း ၂ကြိမ် ဗုံးကြဲမှုဖြစ်စဉ်မှာလည်း ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်ချီးဒေသက အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို စစ်ကော်မရှင်တပ်ကနေ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာဟာ ၂၀၂၅ ခုနှစ်အတွင်း အကြိမ်ရေ (၁၄) ကြိမ်ထိ ရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ