spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img
Homeကန္တာရဝတီတိုင်း(မ်)သတင်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၅၀၀၀ နီးပါး စာရင်းတင်သွင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၅၀၀၀ နီးပါး စာရင်းတင်သွင်း

-

ကန္တာရဝတီတိုင်း (မ်)

စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ( ၄၉၆၃ ) ဦးက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲ အသီးသီးမှာ အမည်စာရင်းတင်သွင်းခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် ( UEC ) က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ကြေငြာပါတယ်။

ပြည်ထောင်စု တစ်ဝန်းလုံးမှာ ပါဝင်ရွေးကောက်ခံမယ့် နိုင်ငံရေး ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅၁ ပါတီ နဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပါဝင်စာရင်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။

တင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းအရ ကြံခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကတော့ ကိုယ်စားလှယ်လောင်း ၇၀၀ နီးပါးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် တစ်ခုတွင်း ယှဥ်ပြိုင်မယ့် ပါတီတွေရဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်း ဦးရေကတော့ ၉၆၀ ရှိတယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲ ပထမအပိုင်းမှာပါဝင်တဲ့ ကရင်နီပြည်၊ ဘောလခဲမြို့နယ်မှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်ကော်မရှင်က တိတ်တဆိတ် ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဘောလခဲ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ရွေးကောက်ပွဲအတွက်က အရွေးခံမယ့် ကိုယ်စားလှယ်လောင်းကိုလည်း မသိရသေးဘူး။ တိုးတိုးတိတ်တိတ် လုပ်ဆောင်နေတယ်လို့ဘဲ သိထားတယ်” လို့ ဘောလခဲမြို့ခံ တစ်ဦးက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ စတဲ့ ပါတီ ၆ ခုက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်အရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေအဖြစ် စာရင်းသွင်းထားတယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း တင်သွင်းမှု စာရင်းကို အောက်တိုဘာလ ၄ ရက်နေ့အထိ စိစစ်ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ