spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုကိုရောက်နေတဲ့ စစ်ကော်မရှင်တပ် ဘောလခဲမြို့နယ်ဘက်ကို ထိုးစစ်ဆင်ဖို့ပြင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်တပ်သားဟာ ဘောလခဲမြို့နယ်ဘက်ကို ထိုးစစ်ဆက်ဆင်ဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာက အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေး ကျောင်းနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့လာနေရပြီလို့ သူကပြောပါတယ်။
“ဖရူဆို-ဘောလခဲ လမ်းမကြီးဘေးမှာရှိတဲ့ရွာတွေပေါ့။ အဲဒီဖက်ကို သူတို့စစ်ရေး လှုပ်ရှားမှုတော့ရှိလာပြီပေါ့နော။ အဲတော့ ခြေနေကတော့ ဘောလခဲကို သူတို့ ထိုးချင်တဲ့ပုံစံမျိုးရှိတယ်ပေါ့နော။ ကျနော်တို့ဖက်ကလည်း လှုပ်စရာရှိတဲ့ အလုပ်တွေကို ကျနော်တို့လုပ်နေပါတယ်” လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေကြောင့် အမှတ် (၁၄) ကျောင်းနဲ့ အနီးမှာရှိတဲ့ မော်ခရော်ရှေ့ကျေးရွာမှာလည်း နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဖရူဆိုမြို့ဟာက ဘောလခဲမြို့နဲ့ရဲ့ ၃၂ မိုင်ခန့်အကွာမှာရှိနေပြီး အဆိုပါမြို့နယ်နှစ်ခုမှာ စစ်ကော်မရှင်တပ် အခြေစိုက်စခန်းတွေ တည်ရှိနေဆဲဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်ကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ကားအစီးရေ ၅၀ ကျော်ပါတဲ့ ယာဥ်တန်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဖရူဆိုမြို့ကို ရောက်သွားခဲ့တာဖြစ်ပြီး အခုလို လှုပ်ရှားမှုတွေ ရှိလာနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖရူဆိုမြို့နယ်အတွင်းက ဒေသခံတွေက ဘေးလွတ်ရာကိုတိမ်းရှောင်နေကြပြီဖြစ်ပြီး စစ်ရေးသတိရှိဖို့ကိုလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကသတိပေးထုတ်ပြန်ထားပါတယ်။
spot_img

Recent posts