spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img

လော်ပလျားစစ်ရှောင်တွေနဲ့ ဒေသခံတွေ လူဦးရေ ၁၀၀ ဝန်းကျင် ဖျားနာနေ၊ ဆေးဝါးလည်းလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက လော်ပလျားစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ ဟာ ရာသီအလိုက်ဖြစ်တဲ့ ဖျားနာမှုတွေနဲ့ အရေပြားယားယံမှုတွေကို ခံစားနေကြပြီး ဖျားနာသူ လူဦးရေ ၁၀၀ ဝန်းကျင်ရှိနေတယ်လို့ စေတနာ့ဝန်ထမ်း ဆေးဆရာမ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ဖျားနာသူတွေနဲ့ အရေပြားယားယံမှုတွေအတွက် ဆေးဝါးလည်းလိုအပ်နေတယ်လို့ ဆိုပါတယ်။
“အဖြစ်များတဲ့ ရောဂါတွေက ရာသီတုပ်ကွေးလိုမျိုးပဲလေးနော၊ ဒီ စစ်ရှောင်မဟုတ်တဲ့ဘက် လည်း ဖြစ်ကြတယ်၊ စစ်ရှောင်လည်း ဖြစ်တယ်ပေါ့၊ ဒါပေမယ့် စစ်ရှောင်ဘက်က တစ်ယောက်ပြီးတစ်ယောက်က လာပြနေခါကျတော့ ခရီးလည်း ဝေးတယ်၊ ပြီးတဲ့ ခါကျတော့ သူတို့ဆီမှာ ဆရာမ တစ်ယောက်တော့ ရှိတယ်ဆိုပေမယ့် သူ့ဘာသာသူ ဆေးဝယ်နေရတော့ မဝယ်နိုင်ဘူးပေါ့၊ တာဝန်ခံကနေ အကူအညီ တောင်းလာတော့ ကျမတို သွားရောက်ကြည့်ပေးခဲ့တယ်။” လို့ စေတနာ့ဝန်ထမ်း ဆေဆရာမ တစ်ဦးက ပြောတယ်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာတော့ စစ်ဘေးရှောင်အများစုဟာ ဒေသတွင်း တိုက်ပွဲကြောင့် တောတောင်တွေထဲမှာ သွားရောက်နေထိုင်နေကြတာပါ။ ဖျားနာမှုနဲ့ အရေပြားယားယံမှုတွေအဖြစ်များသူတွေကတော့ အသက်၅ နှစ်အောက်နဲ့ အသက် ၁၅နှစ်အောက် ကျောင်းနေအရွယ် ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
လော်ပလျားစစ်ဘေးရှောင်စခန်းမှာတော့ ဆေးပေးခန်းမရှိသလို၊ လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူမရတာဖြစ်တယ်လို ဆိုပါတယ်။
ဒေသခံတွေရဲ့အဆိုအရတော့ ဒေသဖွံဖြိုးရေးအဖွဲ့တစ်ခုကနေ လိုအပ်တဲ့ ကျန်းမာရေး စောက်ရှောက်မှုကို လှမ်းမီနိုင်သလောက် ဆေးကုသပေးခဲ့တာရှိတယ်လို့ သိရပါတယ်။
ဖျားနာသူတွေ များနေတာကြောင့် ကရင်နီ နယ်လည့်ဆေးအဖွဲ့က သွားရောက်ကူညီတာမျိုးရှိနေပေမယ့် စစ်ဘေးရှောင်တွေမှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိတာတွေကြောင့် ဆေးဝါး အကူအညီလည်း လိုအပ်နေကြတယ်လို ဆိုပါတယ်။
“ဆေးဝါးတော့ တကယ်လိုအပ်တာပေါ့နော၊ ခက်ခဲဖြစ်တယ် သူတိုကို ကြည့်ရတာ၊ ပြီးတော့ တကယ်ဖြစ်များတာကတော့ ရာသီတုပ်ကွေးပေါ့နော၊ ၅ နှစ်အောက်နဲ့ ၁၅ နှစ် ကျောင်းနေအရွယ်တွေပေါ့။”လို့ စေတနာ့ဝန်းထမ်း ဆေးဆရာမက ဆက်ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက လော်ပလျား စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ ကျော် ရှိနေပါတယ်။
spot_img

Recent posts