spot_imgspot_imgspot_imgspot_img
20.4 C
Loikaw
Wednesday 1, October 2025
spot_imgspot_imgspot_imgspot_img
Homeမြေယာပြဿနာညောင်ကုန်းကျေးရွာမြေယာကို မတရား ဝယ်ယူထားတာ မဟုတ်ကြောင်းဆို

ညောင်ကုန်းကျေးရွာမြေယာကို မတရား ဝယ်ယူထားတာ မဟုတ်ကြောင်းဆို

-

စိုးထိုက်အောင်

ဒီးမော့ဆိုမြို့နယ် ညောင်ကုန်းကျေးရွာရဲ့ မြေယာအငြင်းပွားမှု ပြဿနာမှာ ဝယ်သူဘက်က မြေယာကို မတရားဝယ်ယူထားတာမဟုတ်ကြောင်း အချက်အလက်တွေ၊ အထောက်အထားတွေနဲ့ဝယ်ထားတာဖြစ်တယ်လို့ ၎င်းရွာမြေကို ဝယ်ယူသူ ဦးထက်ကပြောပါတယ်။

၎င်းက “ကျတော်တို့ မတရားယူထားတာမှ မဟုတ်တာမဟုတ်တာ၊ ကျတော်တို့ အထောက်အထားတွေနဲ့အချက်အလက်တွေပြည့်စုံပြီးတော့ ကျတော်တို့ဝယ်တာလေ အဲ့မြေကို သူတို့မြေဆိုတာဒီတိုင်းနှုတ်နဲ့သွားပြောလို့မှမရတာ သူတို့မှာ ဘာလဲ အထောက်အထားဆိုတာလဲ နှုတ်ထဲမှာဘဲရှိတယ်သွားပြောလို့ဘယ်ရမှာတုန်း” လို့ပြောပါတယ်။

ညောင်ကုန်းကျေးရွာအနီးမှာရှိတဲ့မြေ(၃) ဧက ကို ၂၀၁၉၊ ဒီဇင်ဘာလ(၂၉)ရက်နေ့မှာ မြေကိုဝယ်ယူသူ ဦးထက် မှ သိန်း ၃၆၀ကျပ်နဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံရောက်တွင်နေထိုင်သူ ဒေါ်စိန်ဖေါလျားနာကနေတဆင့် ဝယ်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၉၊ မတ်လ ၃ရက်နေ့မှာ (ဒီးမော့ဆိုမြို့) လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် လျှောက်လွှာတင်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၉ ၊ ဇွန်လ ၂၁ရက်နေ့မှာ မြေစရင်းပုံစံ -၁၀၅ ဒေါ်စိန်ဖေါလျားနာအမည်ဖြင့် ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။

“ ကျတော်တို့ဒီလယ်စီထဲကလဲ ဆုံးဖြတ်ချက်ချပြီးပါပြီ ကျတော်တို့ဒီပုံစံ(၇) လဲထုတ်ပေးရတဲ့အကြောင်းအရင်းကလဲ ဒီလယ်စီ(၅) ဦးရဲ့ဆုံးဖြတ်ချက်ပါလို့လဲ ကျတော်တို့ထုတ်ရတာလေနော်” လို့ညောင်ကုန်းရွာမှာ အငြင်းပွားနေတဲ့မြေယာဝယ်ယူသူ ဦးထက် ကပြောပါတယ်။

၎င်းတို့ဝယ်ယူထားတဲ့ ညောင်ကုန်းကျေးရွာမြေ ဧက ၃ ဧကဟာဆိုလျှင် ဒေသခံ ဘိုးဘွားတွေ လက်ထက်ကတည်းက ကျေးရွာဥက္ကဌနဲ့ကျေးရွာသူ\သားတွေက ကျေးရွာပိုင် နွားစားကျက်အနေနဲ့သတ်မှတ်ထားခဲ့တာဖြစ်တဲ့အတွက် ကန့်ကွက်ကြောင်းကို ကျေးရွာဥက္ကဌကနေပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်ကြားထားတဲ့အတွက် လက်ရှိမှာ အငြင်းပွားမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ